နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်တင်အမေရိကတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲဗိုင်းရပ်စ် ''Mu'' ကို အထူးစောင့်ကြပ်နေ

ဗျူရိုအေးရိစ်   စက်တင်ဘာ   ၃


ပန်အမေရိကန်ကျန်းမာရေးအဖွဲ့ (PAHO) သည် ကိုလံဘီယာနိုင်ငံတွင် တွေ့ရှိခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “အထူးဂရုစိုက်ရမည့်   မျိုးရိုးဗီဇကွဲ” အဖြစ်သတ်မှတ်ခဲ့သော  နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် မျိုးရိုးဗီဇကွဲ Mu ၏ လက်တင် အမေရိက၌    ဆင့်ကဲပြောင်းလဲမှုကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ 


“ကိုလံဘီယာ အမျိုးသားကျန်းမာရေး အင်စတီကျု့က လုပ်ဆောင်နေတဲ့ မဟာ ဗျူဟာမြောက် စောင့်ကြပ်ကြည့်ရှုခြင်း အရ ကိုလံဘီယာနဲ့ အခြားနိုင်ငံတွေမှာ လည်းပျံ့နှံ့နေတဲ့ ဒီမျိုးရိုးဗီဇကွဲဗိုင်းရပ်စ် ကို B.1.621 လို့ခေါ်ဆိုပြီး ဇန်နဝါရီလက တွေ့ရှိခဲ့တာဖြစ်ပါတယ်” ဟု PAHO ၏ ပေါ်ထွက်လာသော ဗိုင်းရပ်စ်ရောဂါများ ဆိုင်ရာအကြံပေး Jairo Mendez Rico က အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြော ကြားခဲ့သည်။ 


Mu မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကော်စတာရီကာနိုင်ငံနှင့် အီကွေဒေါ နိုင်ငံများတွင် တွေ့ရှိခဲ့ကြောင်း၊ သို့ရာ တွင် ရောဂါပြင်းထန်မှု၊ လူသေဆုံးမှု သို့မဟုတ် ရောဂါကူးစက်မှုသတ်မှတ် ချက်အရ သက်ရောက်မှုကြီးကြီးမားမား မရှိကြောင်း Mendez က ပြောသည်။ 


WHO က Mu မျိုးရိုးဗီဇကွဲဗိုင်းရပ်စ် အား နိုင်ငံ ၃၉ နိုင်ငံတွင် တွေ့ရှိထားသော် လည်း ကမ္ဘာတစ်ဝန်းရောဂါဖြစ်ပွားမှု ဝဒသမ ၁ ရာခိုင်နှုန်းအောက်ရှိကာ ရောဂါ ကူးစက်မှု    ကျဆင်းလျက်ရှိကြောင်း အပတ်စဉ်သတင်းလွှာတွင် ပြောကြား ထားသည်။ 


သို့ရာတွင်   အဆိုပါမျိုးရိုးဗီဇကွဲ ဗိုင်းရပ်စ်ဖြစ်ပွားမှုသည် ကိုလံဘီယာ နိုင်ငံတွင်  ၃၉  ရာခိုင်နှုန်းတွေ့ရှိခဲ့ပြီး အီကွေဒေါနိုင်ငံတွင်  ၁၃  ရာခိုင်နှုန်း တွေ့ရှိခဲ့ကြောင်း၊ ရောဂါကူးစက်မှုမှာ တည်ငြိမ်နေသည်ကိုပြသနေကြောင်း Mendez က မှတ်ချက်ပြုခဲ့သည်။ 

မျိုးဝင်း(ref; Xinhua)






အခြားဆက်စပ်သတင်းများ