နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီဥတုဘေးအန္တရာယ်များ နှစ်ပေါင်း ၅၀ အတွင်း ငါးဆတိုးလာကြောင်း WMO အစီရင်ခံစာတွင် ဖော်ပြ

ဂျနီဗာ   စက်တင်ဘာ   ၃


ရာသီဥတုနှင့်ဆက်စပ်သည့် ဘေး အန္တရာယ်ဖြစ်စဉ်   အရေအတွက်သည် ပြီးခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကာလ အတွင်း ငါးဆတိုးလာကြောင်း ကမ္ဘာ့ မိုးလေဝသအဖွဲ့အစည်း  (WMO)က ထုတ်ပြန်သည်။    တိုးတက်လာသည့် ကြိုတင်သတိပေးစနစ်များနှင့် ဘေး အန္တရာယ်စီမံခန့်ခွဲမှုများကြောင့် အဆိုပါ ဘေးအန္တရာယ်များမှ သေဆုံးမှုအရေ အတွက်သည် သုံးဆနီးပါးလျော့နည်း ခဲ့ရကြောင်း သိရသည်။ 


ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း(WMO) က  ရာသီဥတုကြောင့် သေဆုံးမှုနှုန်းနှင့် စီးပွားရေးဆုံးရှုံးမှုများ မြေပုံညွှန်းစာအုပ် အရ၊ (၁၉၇၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း) ဆိုးရွားသောဥတုရာသီဖောက်ပြန်မှုနှင့် ရေကြီးမှုကြောင့်  ကမ္ဘာတစ်ဝန်းတွင် ဘေး အန္တရာယ်ကြုံတွေ့မှုပေါင်း    ၁၁,ဝ၀ဝ ကျော်ရှိခဲ့ပြီး သေဆုံးမှု နှစ်သန်းကျော်နှင့် ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၄ ထရီလီယံရှိခဲ့ကြောင်း ဖော်ပြထား သည်။ 


၁၉၇၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ မိုးလေဝသ၊ ရာသီဥတုဖောက်ပြန်မှုနှင့် ရေကြီးမှုဖြစ်စဉ်များသည် ဘေးအန္တရာယ် ဖြစ်စဉ်အားလုံး၏     ၅၀ ရာခိုင်နှုန်း၊ စီးပွားရေးဆုံးရှုံးမှုများ ထုတ်ပြန်ချက် အားလုံး၏ ၇၄ ရာခိုင်နှုန်းနှင့် သေဆုံးမှုများ အားလုံး၏ ၄၅ ရာခိုင်နှုန်းအသီးသီး ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။ 


ယင်းသေဆုံးမှုများ၏ ၉၁ ရာခိုင်နှုန်း ကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ စီးပွားရေးဆုံးရှုံးမှုဖြစ်စဉ် တွင် ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာလုံးဆိုင်ရာသဘာဝ ဘေးအန္တရာယ်ထိပ်ဆုံး ၁၀ ခု စာရင်းဝင် အဆိုပါ မုန်တိုင်းသုံးလုံးကြောင့် စီးပွားရေး ဆုံးရှုံးမှု     စုစုပေါင်းတန်ဖိုးမှာ ၃၅ ရာခိုင်နှုန်းထိရှိခဲ့ကြောင်း သိရသည်။ 


မိုးလေဝသ၊ ရာသီဥတုဖောက်ပြန်မှု နှင့် ရေကြီးမှုဘေးအန္တရာယ်ဖြစ်စဉ်များ သည် နှစ်စဉ်တိုးလာနေပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းသည် ကမ္ဘာ၏ နေရာအများအပြားအပေါ် မကြာခဏ သက်ရောက်ခဲ့ပြီး ပိုမိုပြင်းထန်လာနိုင် ဖွယ်ရှိကြောင်း    ကမ္ဘာ့မိုးလေဝသအဖွဲ့ အစည်း(WMO) အထွေထွေအတွင်းရေးမှူး Petteri Taalas က ပြောကြားခဲ့သည်။ 

မျိုးဝင်း (ref; AFP)






အခြားဆက်စပ်သတင်းများ