နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေဘေးအန္တရာယ်နှင့် ကျန်းမာရေး

မြန်မာနိုင်ငံတစ်ဝန်းတွင်    မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံ မှုများ၊ ရေနစ်မြုပ်မှုများ နေရာအလိုက်ဖြစ်ပွားနေသည်။ ထိုသို့ ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများ ရေဘေးဒုက္ခ ကြုံတွေ့ နေရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုအန္တရာယ်၊ ရုတ် တရက် ရေလွှမ်းမှုအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ မြေပြိုမှုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်၊ မြွေကိုက်မှုအန္တရာယ်နှင့် အအေး မိ၍ ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ကူးစက်ရောဂါများဖြစ်သော ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့်ရောဂါနှင့် အခြား ကျန်းမာရေးပြဿနာများ ဖြစ်ပွားတတ်သည်။
ဝမ်းပျက်၊ ဝမ်းလျှောရောဂါ အပါအဝင် အစားအစာနှင့် ရေမှ တစ်ဆင့်ကူးစက်တတ်သောရောဂါများဖြစ်ပွားနိုင်သဖြင့် ကျိုချက်  ထားသောရေ (သို့မဟုတ်) ကလိုရင်းခတ်ထားသောရေကို  သောက် ရန်နှင့် မြစ်ရေ၊ ချောင်းရေနှင့် မသန့်ရှင်းသောရေများကို   မသောက် ရန်လိုအပ်ပေသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ် ဘားအံမြို့ နယ်အတွင်း ရေကြီးနစ်မြုပ်သည့် ကျေးရွာ ၂၃ ရွာ၌ သန့်ရှင်းသော သောက်သုံးရေရှိရေးအတွက် မြေသားကန်ရေကို  ရေသန့်စင် ကားများဖြင့် ပြန်လည်သန့်စင်ပြီး ရေသယ်ယာဉ်ရေဖြန့်ဝေခြင်း၊ အများပြည်သူသုံးလက်တူးတွင်းများ တွင်းဆေးသန့်စင်ပေးခြင်း  တို့ကိုဆောင်ရွက်ခဲ့သည်။

အစာအဆိပ်သင့်မှုမဖြစ်စေရန် ရေမျောအစားအစာများနှင့် စည်သွပ်ဘူးများ၊ အခြားအမျိုးအမည်မသိ အစားအသောက်များ မစားသောက်ရန်နှင့်   သောက်သုံးရေ အရင်းအမြစ်များနှင့် ရေတွင်းရေကန်များအနီးတွင်   အညစ်အကြေးများမစွန့်ရန် လိုအပ်ပေသည်။
အအေးမမိစေရန် အမိုးအကာအောက်တွင်နေထိုင်ရန်လိုအပ် သကဲ့သို့ နွေးထွေးသောအဝတ်များ ဝတ်ဆင်ရန်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုပြုဆောင်ရွက်ရန်လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသထိန်းချုပ်ရေးလုပ်ငန်းများမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ရန်လိုအပ်ပေသည်။
ရေနစ်မြုပ်ဒေသများတွင် နာမကျန်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာရရှိ ပါက ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများတွင် ချက်ချင်း ပြသ၍ ဆေးကုသမှုခံယူရန် လိုအပ်ပေသည်။ ရေလွှမ်းမိုးသော ဒေသများတွင် ပြည်သူများအတွက် ကျန်းမာရေးသတိပြုဆင်ခြင် စေချင်ကြောင်း ။         ။






အခြားဆက်စပ်သတင်းများ