နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်တွဲညီညာ ပြည်သာယာ

မြန်မာနိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက် တွေ့ကျကျအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာရေးသည် အရေးကြီးပေသည်။ နိုင်ငံတည်ငြိမ် အေးချမ်းမှသာ စီးပွားရေးလုပ်ငန်းများ ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်နေမည်ဖြစ်သည်။ တစ်ဖက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် တုံ့နှေးကျဆင်းနေသော တိုင်းပြည်စီးပွားရေးကို ပြန်လည် ဦးမော့လာအောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ထိုနေရာတွင် နိုင်ငံတော်အစိုးရသည် အဓိကလိုအပ်ချက်ဖြစ် သော ပြည်သူများ၏ စားဝတ်နေရေးဖူလုံရေးကို အလေးပေးဖော် ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသောနိုင်ငံဖြစ်သည့်အတွက် ပြည်တွင်းစားနပ်ရိက္ခာများ ပြည့်စုံဖူလုံစေရန်ဆောင်ရွက်ပြီး ပိုလျှံသည်များကို ပြည်ပသို့ ပိုမို တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိသည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးကိုလည်း  မျက်ခြည်မပြတ်ဆောင်ရွက်နေပေသည်။     ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာတွင် ကျန်းမာရေး၊ တည်ငြိမ် အေးချမ်းရေးသည် အဓိကဖြစ်သည်။


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်းလျော့ကျလာ ပြီဖြစ်ရာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်ပင်ဖြစ် သည်။ နိုင်ငံအတွင်း အကြမ်းဖက်မှုများကို နိုင်ငံရေးအစွန်းရောက် များ၏သွေးထိုးလှုံ့ဆော်မှု၊ ထောက်ပံ့ပေးမှု၊ အားပေးမှုများကြောင့် မြို့ရွာများတွင် နှောင့်ယှက်ဖျက်ဆီးမှုများနှင့် ကြုံတွေ့နေရပေ သည်။


ကမ္ဘာတစ်ဝန်းမတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ တည်ငြိမ်သောနေရာများကို ရှာဖွေလာကြသည်။ တိုင်းပြည် ကောင်းရာကောင်းကျိုးလိုလားကြသော ပြည်သူများ၏ဆန္ဒမှာ အေးချမ်းသာယာသည့်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ပြီးအလုပ် အကိုင်အခွင့်အလမ်းသာနေခြင်းသာ အလိုရှိသည်။


မိမိတို့ရပ်ရွာများတွင် အေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိ အောင် လုံခြုံရေးအသိ၊ လုံခြုံရေးမျက်စိရှင်သန်နေရန် လိုအပ်ပေ သည်။ နိုးကြားတက်ကြွသောအသိရှိနေရပါမည်။ လက်ရှိဥပဒေ အရ အကြမ်းဖက်အုပ်စုဟု သတ်မှတ်ထားသောအဖွဲ့အစည်းများ ကို တစ်ဦးတစ်ယောက်ဖြစ်စေ၊ အခြားလူတစ်ဦးဦးကိုပါဝင်စေရန် တိုက်တွန်းမှုများ၊ စည်းရုံးသိမ်းသွင်းမှုများ၊ ဝါဒဖြန့်မှုများ၊ လူသစ် စုဆောင်းမှုများ၊ အချက်အလက်စုဆောင်းမှုများပြုလုပ်ခြင်း၊ အကြမ်းဖက်မှုများ ကျုးလွန်ရန်အတွက် စာအားဖြင့်လည်းကောင်း၊ လူမှုကွန်ရက်၊  တယ်လီဖုန်း၊  အခြားဆက်သွယ်ရေးကိရိယာ တစ်ခုခုဖြင့်ဖြစ်စေ၊ နည်းပညာတစ်ခုခုဖြင့် စည်းရုံးသိမ်းသွင်းမှု များ မဟုတ်မမှန်သတင်းဖြန့်ချိမှုများလည်း ဥပဒေအရ အရေးယူ မည်ဟု သတင်းထုတ်ပြန်ထားသည်။ 


ပြည်သူများအနေဖြင့်  စိတ်ချလုံခြုံဘေးကင်းစွာ  နေထိုင် သွားလာရန်အတွက် အသိတရားနှင့်ဆင်ခြင်ကာ ကျရာအခန်း ကဏ္ဍမှ တက်ကြွစွာပူးပေါင်းပါဝင်ကြရန် လိုအပ်သည်ဟုဆိုချင် ပါကြောင်း ။






အခြားဆက်စပ်သတင်းများ