နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇူလိုင်လ ၁ ရက်မှစ၍ ပြည်ပမှလာသူများကို ကွာရန်တင်းလုပ်တော့မည်မဟုတ်ဟု စပိန်အစိုးရ ကြေညာ

မေ  ၂၆၊  မက်ဒရစ်


ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများကို ရက်သတ္တနှစ်ပတ်ကြာ အသွား အလာ ကန့်သတ်စောင့်ကြည့်မှု( Quarantine)လုပ်တော့မည်မဟုတ်ကြောင်း စပိန်အစိုးရက ကြေညာခဲ့သည်။ 


ပြီးခဲ့သည့်တနင်္လာနေ့က ကျင်းပခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင်  အဆိုပါစည်းမျဉ်းများကို အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်အစိုးရက ဇွန်လ ၈ ရက်မှစပြီး ပြည်ပမှ ဝင်ရောက်လာသူများကို ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်ရန် စီစဉ်နေချိန်တွင် စပိန်အစိုးရက ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ 


စပိန်နိုင်ငံတွင် ပုံမှန်အားဖြင့် နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသည် သန်း ၈၀ လာရောက်လေ့ရှိပြီး ခရီးသွားလုပ်ငန်းမှာ ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၁၂ ရာခိုင်နှုန်းကျော် ရှိသည်။ နွေရာသီကာလမတိုင်မီ အားလပ်ရက်အပန်းဖြေဈေးကွက်ကို ပြန်လည်ဖွင့်လှစ်ရေးမှာ စပိန်နိုင်ငံ၏ စီးပွားရေးအတွက် အရေးကြီးသည်ဟု သတ်မှတ်ထားကြသည်။ ဗြိတိန်နိုင်ငံ၏ မူဝါဒသစ်အရ စပိန်နိုင်ငံနှင့် အခြားပြည်ပခရီးစဉ်များ သွားရောက်ပြီး ပြန်ရောက်လာသည့် ဗြိတိန်နိုင်ငံသားတွေအနေဖြင့် ရက်သတ္တနှစ်ပတ်ကြာ သီးသန့်ခွဲခြားနေထိုင်ရမည်ဖြစ်သည်။          


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ