နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိုက်ဒရိုစီကလိုရိုကွင်းဆေး စမ်းသပ်နေခြင်းကို WHO ရပ်ဆိုင်း

မေ  ၂၆၊  ဂျီနီဗာ


ငှက်ဖျားရောဂါကုသရန် အသုံးပြုသည့် ဟိုက်ဒရိုစီကလိုရိုကွင်း(hydroxychloroquine) ဆေးမှာ  ဘေးအန္တရာယ်စိုးရိမ်ရခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းစေနိုင်ခြင်း ရှိ/မရှိ စမ်းသပ်နေမှုကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ရပ်ဆိုင်းလိုက်သည်။ 


ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံတော်တော်များများတွင် ဟိုက်ဒရိုစီကလိုရိုကွင်း စမ်းသပ်နေခြင်းကို ယာယီဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း WHO က ပြောသည်။


မကြာသေးခင် ထုတ်ပြန်ခဲ့သည့် ဆေးပညာလေ့လာမှုတွင် ဟိုက်ဒရိုစီကလိုရိုကွင်းဆေးက COVID-19 လူနာများအတွက် ကျန်းမာရေးအကျိုးကျေးဇူးမရှိသည့်အပြင် သေဆုံးနိုင်ခြေမြင့်မားစေသည်ဟု တွေ့ရှိ ပြီးနောက် WHO က ယခုကဲ့သို့ ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။ 


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင်ရန် ဟိုက်ဒရိုစီကလိုရိုကွင်းဆေး သောက်နေသည်ဟု ပြောခဲ့ဖူးသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ