နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးကစားသမား ဘင်ချီဝဲလ်ကို အသုံးမပြုရတဲ့အကြောင်းရှင်းပြခဲ့တဲ့ နည်းပြ တူချယ်လ်‌

ဩဂုတ် ၃၁


ပြီးခဲ့တဲ့ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးကတည်းက ချဲလ်ဆီးဟာ ဘယ်နောက်ခံလူဖြစ်တဲ့ ဘင်ချီဝဲလ်ကို အသင်းအတွက် အသုံးမပြုခဲ့တာနဲ့ပတ်သက် ပြီး နည်းပြတူချယ်လ်က ရှင်းပြမှု ပြုလုပ်ခဲ့ပါတယ်။


ချဲလ်ဆီးအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေ၊ ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ဥရောပစူပါဖလားနဲ့ ကစားခဲ့ပြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူအဖြစ် မာကို့စ်အလွန်ဆိုကို နည်းပြ တူချယ်အနေနဲ့ အသုံးပြု ခဲ့တာပဲဖြစ်ပါတယ်။ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့တဲ့ ဘင်ချီဝဲလ်ဟာ ဒီရာသီမှာ ပွဲထွက်ခွင့်မရရှိသေးတာလည်း ဖြစ်ပါတယ်။


ချဲလ်ဆီးနည်းပြ တူချယ်လ်က "ဘင်ချီဝဲလ်ကို အသုံးမပြုခဲ့တာနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ အရမ်းကိုလွယ်ပါတယ်။ သူက အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကို ဗိုလ်လုပွဲအထိ ကစားခဲ့ရသလို အားလပ်ရက်တွေကြောင့် အသင်းနဲ့ပူးပေါင်းဖို့ နောက်ကျနေခဲ့ပါတယ်။ အလွန်ဆိုက အသင်းနဲ့ အစောပိုင်းကတည်းက အတူရှိ နေခဲ့တဲ့သူပါ။  နိုင်ငံတကာပွဲစဉ်တွေကြောင့် အသင်းရဲ့အဓိက ကစားသမားနေရာ ၅ နေရာလောက်ကို အပြောင်းအလဲ လုပ်ထားရပါတယ်"လို့ ပြောခဲ့ပါတယ်။  (သူရိန်)






အခြားဆက်စပ်သတင်းများ