နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝင်ငွေအများဆုံးရ အားကစားသမားအဖြစ် မက်ဆီကို အနိုင်ယူဖို့မလွယ်တဲ့မက်ဂရီဂေါ်‌

ဩဂုတ် ၃၁


အိုင်ယာလန်နိုင်ငံသား မက်ဂရီ ဂေါ်ဟာ မေလက ဖောဘက်စ်မဂ္ဂဇင်း ရဲ့ထုတ်ပြန်ကြေညာချက်အရ ကမ္ဘာ့ဝင် ငွေအများဆုံးရ အားကစားသမားအဖြစ် ဒေါ်လာသန်း ၁၈၀နဲ့ ရပ်တည်ခဲ့ပြီး မက်ဆီက ဒေါ်လာသန်း ၁၃၀နဲ့ ဒုတိယ နေရာမှာရပ်တည်ခဲ့ပါတယ်။ 


နာမည်ကျော် MMA ဖိုက်တာဖြစ်တဲ့ ကော်နာမက်ဂရီဂေါ်က ပီအက်စ်ဂျီကို ရောက်ရှိလာတဲ့ အာဂျင်တီးနား အသင်း ခေါင်းဆောင် မက်ဆီကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဝင်ငွေအများဆုံးရ အားကစား သမားအဖြစ် ရပ်တည်နိုင်ဖို့အရမ်းခက်သွားပြီလို့ဝန်ခံပါတယ်။ 


မက်ဂရီဂေါ်ဟာ ကယ်လီဖိုးနီးယား ရှိ Beverley Hills ဟိုတယ်မှာ ပီအက်စ် ဂျီအသင်း ဂျာစီဝတ်ထား တဲ့ သူ့ဓာတ်ပုံ ကို လူမှုမီဒီယာမှာ တင်ခဲ့ပြီးနောက် ထိပ်ဆုံးမှာ  ဆက်လက်ရပ်တည်ဖို့ ကြိုးစားသွားမယ်လို့  ကတိပြုခဲ့ပါတယ်။ 


မက်ဂရီဂေါ်ရဲ့  တစ်နှစ်ဝင်ငွေက တင်းနစ်ဂန္ထဝင်ကြီးရော်ဂျာဖက်ဒါးရားထက်၂ဆပိုများနေပါတယ်။ ဖောဘက်စ် ရဲ့တွက်ချက်မှုက  ပီအက်စ်ဂျီကို မက်ဆီမပြောင်းခင်ဖြစ်ပြီး မက်ဆီက ပီအက်စ်ဂျီမှာ တစ်နှစ်လုပ်ခ ပေါင် ၅၄ သန်းရရှိမှာဖြစ်သလို ဖောဘက်စ်က အပိုဆုကြေးတွေကိုပါ တွက်ချက်မှာ ဖြစ်ပါတယ်။                                   (SO)






အခြားဆက်စပ်သတင်းများ