ယနေ့အချိန်တွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် မြစ်ကမ်း နဘေးနှင့် မြေနိမ့်ဒေသများတွင် မြစ်ရေများဝင်ရောက်လျက်ရှိ သည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧရာဝတီ မြစ်တွင် ရေတက်လာနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ မကွေးတိုင်းဒေသ ကြီး မင်းဘူးမြို့နယ်၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ကမ်း တစ်လျှောက်မြေနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာ၊ မြေနုကျွန်းများသို့ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတ မြို့နှင့် ဇလွန်မြို့များတွင် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အောက် ပေဝက်မှတစ်ပေခန့်အတွင်းရောက်ရှိနေသည်။ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် လိုအပ်သည်။
မိုးရာသီကာလဧရာဝတီမြစ်ကမ်းဘေးတွင် ကျေးရွာများရှိ ကျေးလက်ပြည်သူများ ရေဘေးကာကွယ်ရေးနှင့် သတိပြုရမည့် အချက်များကို သရုပ်ပြရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိ သည်။ ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် တာထိပ်ပေါ် ရေကျော်ခြင်း၊ ရေပေါက်(ထူးပေါက်)ပေါက်ခြင်း၊ တာအိခြင်း၊ သဲဗွက်ထခြင်း၊ လှိုင်းပုတ်ခြင်းများ ကာကွယ်ရေး သက်ဆိုင်ရာ ဌာနများက ကြီးကြပ်၍ဆောင်ရွက်လျက်ရှိသည်။
ဇလွန်မြို့နယ်အတွင်း ရေကင်းစခန်းများတွင် အရေးပေါ် ပစ္စည်းဖြစ်သော ဝါးနက်၊ မျှော၊ ဝါးလေး၊ သဲ၊ ကျောက်များကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စုဆောင်း ထားရှိသည်။ သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေသည်။ ထို့ကြောင့် ဘေးအန္တရာယ်စီမံခန့်ခွဲ မှုစက်ဝန်းပါအန္တရာယ်ဖြစ်နိုင်ချေလျှော့ချခြင်း၊ ကြိုတင်အသင့် ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း ဟူသည့်ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့မှုများလည်း မြန်ဆန်ထိရောက်မည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ရပ်ရွာလူထုဘက်စုံ ကဏ္ဍစုံမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေချင်ကြောင်း ။ ။