ရန်ကုန် ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ပြဿတိုက်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ ပြည်သူများ သန့်ရှင်းသောသောက်ရေသန့်များ ရရှိသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ဆောက်ရွက်ခဲ့သော ရေသန့်စင်စက် တပ်ဆင်ပြီးစီးနေမှု ကို တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးနှင့် တာဝန်ရှိသူများက သြဂုတ် ၃၀ ရက် နံနက် ၁၁ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရေသန့်စင်စက်တပ်ဆင်ပြီးစီးသွားသဖြင့် စက်ရေတွင်းမှ သန့်စင် ပြီးသွားသော သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော သောက်ရေ သန့်များကို အဆိုပါကျေးရွာရှိ အိမ်ခြေ ၂၅၀ မှ လူဦးရေ ၁၂၀၀ တို့ အကျိုးပြုသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်း