မြင်းခြံ၊ ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရန္တပိုအုပ်ချုပ် ရေးမှူး ဦးမြတ်စိုး (၄၀ နှစ် )သည် သြဂုတ် ၂၈ ရက် ည ၁၀ နာရီခန့် က အသတ်ခံလိုက်ရကြောင်း မြင်းခြံမြို့ခံတို့ထံမှ သိရသည်။
အုပ်ချုပ်ရေးမှူး ဦးမြတ်စိုး မှာ ခေါင်းဖြတ်အသတ်ခံရပြီး လက်နှစ်ဖက်ပါ အဖြတ်ခံရ သည် ဆိုသည်။ မြင်းခြံနှလုံး လှလူမိုက်အဖွဲ့က သတ်ဖြတ် ခြင်းဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်မှုလည်းရှိ ကြောင်း သိရသည်။ ရန္တပို အုပ်ချုပ်ရေးမှူးမှာ ကျေးရွာ ကိုခြိမ်းခြောက်ခြင်း ၊မြေအောက် လှုပ်ရှားမှုများကို သတင်းပေး ခြင်းများ စောင့်ကြည့်ခြင်း ကြောင့် အသတ်ခံရခြင်းဖြစ် ကြောင်း နှလုံးလှလူမိုက်အဖွဲ့က ဆိုသည်။ ဌေးမြင့်မောင်