နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပနိုင်ငံများက ဟောင်ကောင်မြို့အရေးကို ကြားဝင်စွက်ဖက်ရန် အကြောင်းမရှိဟု ကာရီလမ် ပြော

မေ ၂၆၊  ဟောင်ကောင်


ပြည်ပနိုင်ငံများအနေဖြင့် ဟောင်ကောင်မြို့အရေးကို ကြားဝင်စွက်ဖက်ရန် အကြောင်းမရှိဟု ဟောင်ကောင် မြို့ ခေါင်းဆောင် ကာရီလမ်က ပြောခဲ့ပြီး တရုတ်နိုင်ငံက ပြဋ္ဌာန်းရန် စီစဉ်နေသည့် အငြင်းပွားဖွယ် အမျိုးသား လုံခြုံရေးဥပဒေကို ကာကွယ်သွားခဲ့သည်။ 


အဆိုပါဥပဒေမှာ ပုန်ကန်မှု၊ ခွဲထွက်မှု၊ သွေးထိုးလှုံ့ဆော်မှု၊ အစိုးရကို ပြုတ်ကျအောင် လုပ်ဆောင်မှုများကို တားမြစ်ပိတ်ပင်နိုင်မည်ဖြစ်ရာ ဟောင်ကောင်မြို့၏ လွတ်လပ်ခွင့်များကို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။ အဆိုပါဥပဒေ ပြဋ္ဌာန်းရန် အဆိုပြုခြင်းမှာ ဥပဒေလိုက်နာသည့် လူများစုကို ကာကွယ် ပေးရန် တာဝန်သိသိ လှုပ်ရှားမှုဖြစ်ကြောင်း ကာရီလမ်က ပြောသည်။ အဆိုပါဥပဒေကြောင့် ဟောင်ကောင် မြို့တွင် နေထိုင်သူများ၏ အခွင့်အရေးများ ရုပ်သိမ်းခံရမည်ဆိုခြင်းကိုလည်း ကာရီလမ်က ငြင်းဆန်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံက ဟောင်ကောင်မြို့ကို တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ဟောင်ကောင်မြို့၏ အခြေခံဥပဒေပုံစံငယ်ဖြစ်သည့် အခြေခံဥပဒေတွင် အခွင့်အရေးများ ပေးအပ်ထားသည်။ 


အခြေခံဥပဒေအရ တရုတ်ပြည်မကြီးတွင် မရှိသည့် လွတ်လပ်စွာဆန္ဒပြခွင့်ကဲ့သို့ လွတ်လပ်ခွင့်များ ပေးအပ်ထားသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ပြည်သူလူထုထံမှ အပြုသဘောဆောင်သည့် တုံ့ပြန်မှု ရရှိခဲ့ကြောင်း၊ ပြည်ပနိုင်ငံရေးသမားများ၏ ပြောကြားချက်များနှင့် လုံးလုံးဆန့်ကျင်နေကြောင်း ကာရီလမ်က ပြောသည်။ အဆိုပါဥပဒေကြမ်းမှာ အကြမ်းဖက်မှု၊ အစိုးရကို ပြုတ်ကျအောင် လုပ်ဆောင်မှုများတွင် ပါဝင်သူတစ်စုကိုသာ ပစ်မှတ်ထားလိမ့်မည်ဖြစ်ပြီး အဆိုပါဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်သူများအနေဖြင့် အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာချိန်ကို စောင့်ဆိုင်းသင့်သည်ဟု ကာရီလမ်က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ