နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝုလ်ဗ် အိမ်ကွင်းမှာ အနိုင်သုံးမှတ်ကို ခက်ခက်ခဲခဲ ရယူခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်‌

ဩဂုတ် ၃၀


ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဝုလ်ဗ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက် တက်က ၁ ဂိုး၊ ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဝုလ်ဗ်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။


ဝုလ်ဗ်အသင်းရဲ့  အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ အနိုင်သုံးမှတ်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင် ကစားခဲ့ရပြီးမှ ရရှိခဲ့ခြင်းဖြစ်ပါတယ်။


အဲ့ဒီပွဲစဉ်မှာ  ဝုလ်ဗ်အသင်းက ဘောလုံးပိုင်ဆိုင်မှု  ၄၄ ရာခိုင်နှုန်းနဲ့ ဂိုးကန်သွင်းခွင့် ၁၅ ကြိမ်ထိ ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၅၆ ရာခိုင်နှုန်းနဲ့ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်ရရှိခဲ့ပါတယ်။


ပထမပိုင်းပွဲစကတည်းက နှစ်သင်း စလုံးက အပြန်အလှန်တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲကအတော်လေးကို မြိုင် ဆိုင်ခဲ့ပါတယ်။ ပွဲချိန် ၅ မိနစ်မှာ ဝုလ်ဗ် ကစားသမား ထရင်ကာအိုရဲ့ ဂိုးကန် သွင်းချက် အတော်လေးကောင်းမွန် ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား ဝမ်ဘစ်ဆာကာ ဖျက်ထုတ်ခဲ့တာကြောင့် ဝုလ်ဗ် အသင်း ဂိုးရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါ တယ်။


မန်ချက်စတာ ယူနိုက်တက် အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို   ထိန်းချုပ်ကစားခဲ့ပေမယ့် ဝုလ်ဗ်အသင်းရဲ့ တန်ပြန်တိုက်စစ် က အတော်လေးကို အလုပ်ဖြစ်ခဲ့ပြီး တောင်ပံကစားသမား ထရာအိုရေးရဲ့ အတိုးအလှုပ်တွေကလည်း မန်ချက် စတာယူနိုက်တက် ခံစစ်ကစားသမား တွေကို မကြာခဏဆိုသလိုအလုပ်ရှုပ်စေခဲ့ပါတယ်။


ပွဲချိန် ၈၀ မိနစ်မှာတော့ လူငယ် ကစားသမားလေး ဂရင်းဝုဒ်က မန်ချက် စတာယူနိုက်တက်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။


အဲ့ဒီနိုင်ပွဲကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ  အင်္ဂလန် ဘောလုံးသမိုင်းမှာ အဝေးကွင်း ၂၈ ပွဲဆက် ရှုံးပွဲမရှိတဲ့  စံချိန်တင်နိုင်ခဲ့ ပါတယ်။  ယူနိုက်တက်အသင်းဟာ ၂၀၀၃-၂၀၀၄ ရာသီက အာဆင်နယ် အသင်းတင်ရှိခဲ့တဲ့ အဝေးကွင်း ၂၇ ပွဲ ဆက် ရှုံးပွဲမရှိစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ ခြင်းဖြစ်ပါတယ်။                 

  (သူရိန်)






အခြားဆက်စပ်သတင်းများ