နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံတွင် လိင်စိတ်ပြောင်းနေသူကို မြို့တော်ဝန်အဖြစ် ခန့်အပ်

မေ  ၂၆၊  ပါရီ


ပြင်သစ်နိုင်ငံတွင် လိင်စိတ်ပြောင်းလဲနေသည်ဟု တရားဝင် ထုတ်ပြောထားသည့် အမျိုးသမီးတစ်ဦးကို မြို့တော်ဝန်အဖြစ် ခန့်အပ်လိုက်သည်။ 


ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း တီလွိုင်းလက်ဇ်မာချင်နက်စ်မြို့ကောင်စီက မာရီကူးကို မြို့တော်ဝန်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မာရီကူးမှာ ပြင်သစ်နိုင်ငံရှိ လိင်စိတ်ပြောင်းနေသူများအနက်  မြို့တော်ဝန်အဖြစ် ပထမဆုံး ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ အသက် ၅၅ နှစ်ရှိသည့် မာရီကူးမှာ အဓွန့်ရှည်တည်တံ့မည့် ဂေဟစနစ်၊ ဒေသတွင်းစီးပွားရေးဖော်ဆောင်ရေး စသည့် ကတိပြုချက်များဖြင့် မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်သည်။


AFP သတင်းဌာနနှင့် တွေ့ဆုံရာတွင် မာရီကူးက '' ကျွန်မက တက်ကြွလှုပ်ရှားသူမဟုတ်ပါဘူး။ မြူနီစီပယ် နိုင်ငံရေးကို အာရုံစိုက်ချင်ပါတယ်။ လူတွေ ကျွန်မကို ရွေးချယ်ခဲ့တာက လိင်စိတ်ပြောင်းတာ၊ မပြောင်းတာနဲ့ မဆိုင်ပါဘူး။ သူတို့က စီမံကိန်းကို ရွေးချယ်ခဲ့တာပါ။ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်လာရင် စိတ်ဝင်စားစရာ ကောင်းမှာပါ။ တစ်ခုတည်း ရွေးထုတ်လို့မရပါဘူး''ဟု မာရီကူးက ပြောသည်။                     


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ