ရန်ကုန် ဩဂုတ် ၃၀
ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်၊ ယာဉ်ထိန်းရုံးအနီးရှိ ယာဉ်ထိန်း မီးပွိုင့် အချက်ပြပုံးအတွင်းမှ ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ် အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးရာ လက်လုပ်ဗုံးဟု ယူဆရသော (အမျိုးအစားစိစစ်ဆဲ) အရာ၀တ္ထုမှ ပေါက်ကွဲခဲ့ကြောင်း စိစစ်တွေ့ရှိရပြီး လူထိခိုက်မှုမရှိကြောင်းနှင့် ပြစ်မှု ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးမြင့်မောင်