ကလေး ဩဂုတ် ၃၀
ဩဂုတ် ၂၈ ရက် နံနက် ၇ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာယာဝတီကျေးရွာ ရှိ အစိုးရနည်းပညာတက္ကသိုလ် “မြမဉ္ဇူ” အမျိုးသမီးအဆောင်အား လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် “မြမဉ္ဇူ”အဆောင်၏ ပြတင်းတံခါးမှန် ၅ ချပ်နှင့် အုတ်နံရံ ၁ ပေပတ်လည်ခန့် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ် ၂၈ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ မြို့သစ်(၄) ရပ်ကွက်၊ ၆၂ လမ်းနှင့် ၁၁၂ လမ်းထောင့်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် စစ်ဆေးလျက်ရှိသည့် နယ်ကျော်စစ်ဆေးရေးဂိတ် အနီးတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီး လမ်းပေါ်၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ နောက်ဝဲ/ယာလေကာမှန်တို့ ကွဲအက် ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။
ယခုကဲ့သို့ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအား ထိခိုက်စေရန် အကြမ်းဖက်လုပ် ဆောင်ခဲ့သူများနှင့် ဆက်စပ်နေသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။ ဆွေဦး