နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များမှသည်

မြန်မာနိုင်ငံရှိ ၅၅ သန်းခန့်ရှိသော လူဦးရေစုစုပေါင်းအနက် ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးသူငယ်များဖြစ်ကြသည်။ ယင်းတို့အနက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမှာ ငါးနှစ်အောက်ကလေး ငယ်များဖြစ်ပြီး ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြသည်။


အနာဂတ်သားကောင်းရတနာများသည် ယနေ့ကလေးသူငယ် များသာ ဖြစ်သည်။ အဆိုပါကလေးငယ်များ အာဟာရဖွံ့ဖြိုးကာ ဉာဏ်ရည်တိုးမှသာ သားကောင်းရတနာလေးများ အမှန်ဖြစ်လာ မည်။ ဉာဏ်ရည်ဖြစ်ထွန်းသော ကလေးငယ်များအောင်မြင်ရေး အတွက် ကိုယ်ဝန်ဆောင်မိခင်များက အဓိကကျပေသည်။ မိခင် များ၏ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည်ဖြစ်ပေသည်။


သတ္တဝါမှန်သမျှ အာဟာရပေါ်တွင် တည်မှီသည်။ အာဟာရ ကင်း၍ အသက်ရှင်သန်နိုင်ခြင်း မရှိပေ။ ယခုအခါ မြန်မာနိုင်ငံ တစ်ဝန်း ကျန်းမာရေးဝန်ကြီးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် ဩဂုတ်လတွင် သတ်မှတ်ဆောင်ရွက် လျက်ရှိသည်။


ဩဂုတ်လ ပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေး၊ ဒုတိယပတ် တွင် ငါးနှစ်အောက်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး၊ တတိယ ပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါပပျောက်ရေးလုပ်ငန်း များကို ရက်သတ္တပတ်အလိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိပေ သည်။


မွေးဖွားလာသော ကလေးငယ်များ မွေးစမှ ခြောက်လအရွယ် အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန်လိုအပ်ပါသည်။ မိခင်တိုင်း ကျန်းမာသန်စွမ်း၍ အန္တရာယ်ကင်းစွာ မီးဖွားပေးပြီး ကျန်းမာသော အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးလာမည်ဖြစ်သည်။ 

မိခင်နှင့် ကလေးငယ်များပတ်သက်သော ကျန်းမာရေးပြဿနာ များကို ကာကွယ်၍ရနိုင်ပြီး အထူးသဖြင့် ကျန်းမာရေးအသိ အားနည်းခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ရင်ဆိုင်ရ ခြင်းဖြစ်ရာ အဓိကလိုအပ်ချက်မှာ မိခင်နှင့် ကလေးများ အာဟာရ ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်လာခြင်း ဖြစ်သည်။


ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာသောမိခင်များ ဖြစ်လာစေရန်မှာ အသက်အရွယ်အလိုက် အာဟာရပြည့်ဝကာ မျှတစွာ စားသုံးခြင်း၊ အနေအထိုင်မှစ၍ လိုက်နာဆောင်ရွက်နိုင် အောင် ပြုစုထိန်းသိမ်းခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့် မိမိ၏ မိသားစုအသိုင်းအဝိုင်းများကပါ အထူးဂရုပြု ဆောင်ရွက်ပေးကြရ မည် ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ