ရန်ကုန် ဩဂုတ် ၂၉
ဩဂုတ် ၉ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့ သည် ဆူပူမှုဖြစ်ပွားစေရန် လူမှုကွန်ရက် စာမျက်နှာပေါ်၌ ရေးသားလှုံ့ဆော်သူ ဇော်နိုင်ဦး အား အတွင်းပဒံကျေးရွာ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ဇော်နိုင်ဦး၏ ထွက်ဆိုချက်အရ ဩဂုတ် ၁၀ ရက်တွင် ထန်းတပင်မြို့နယ်၊ အစုကြီးကျေးရွာ၌ ရဲထွန်းတောက်နှင့် ကြည်ပြာဝင်းတို့နှစ်ဦးကို လည်းကောင်း၊ ဩဂုတ် ၁၁ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၌ တင်ဝင်းလှိုင်၊ အောင်လေး၊ လှိုင်မိုးဝင်းနှင့် ဝိုင်းချစ်သူတို့ ၄ ဦးကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်၊ ရေတလိကျေးရွာ၌ သားဇော်၊ ခင်မျိုးဦးနှင့် တင့်ဝေတို့ ၃ ဦးကိုလည်းကောင်း၊ ကွမ်းခြံကုန်း မြို့နယ်၊ အင်္ဂလုံးကျေးရွာ၌ ရဲသွေး၊ နိုင်ဝင်းနှင့် အေးကိုကိုအောင်တို့ ၃ ဦးကို လက်လုပ်ဗုံး ၄၃ လုံးဖြင့်လည်းကောင်း၊ တင်ဝင်းလှိုင်၏ ထွက်ဆိုချက်အရ ဩဂုတ် ၁၂ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ဟိန်းသီဟ ကိုလည်းကောင်း၊ တရားခံများ၏ ထွက်ဆိုချက် အရ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာ အရှေ့ဘက်ရှိ ကုလားကြီး (ဖမ်းဆီးရန်ကျန်) ၏ လယ်တဲ၌ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းထားကြောင်းသိရသဖြင့် သွားရောက် ရှာဖွေခဲ့ရာ ပြုလုပ်ဆဲလက်လုပ်သေနတ်များ၊ လက်လုပ်မိုင်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အေးကိုကိုအောင်နှင့် ဇော်နိုင်ဦး၏ ထွက်ဆိုချက်အရ ဩဂုတ် ၁၄ ရက်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်သက်နိုင်ထွေးကိုလည်းကောင်း၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းတည်းခိုခန်း၌ ဇော်ဝင်းမြင့်နှင့် ဇော်ဇော်ထူးတို့နှစ်ဦးကို လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ယင်းတို့၏ ထွက်ဆိုချက်များအရ အမှတ်(၆)ရပ်ကွက်ရှိ ရွှေလမင်းမိုတယ်၌ လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်ဗုံးတစ်လုံး၊ ၉ မမ ကျည် ၁၀ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အေးကိုကိုအောင်၏ ထွက်ဆိုချက်အရ ဩဂုတ် ၁၄ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အောင်နန္ဒဦးနှင့် ရဲထူးဇင်တို့ နှစ်ဦးကိုလည်းကောင်း၊ ဩဂုတ် ၁၇ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၆)ရပ်ကွက်၌ ရဲရင့်အောင်ကို လက်လုပ်မိုင်း ၂ လုံး၊ လက်လုပ်မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ ဖြင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ရဲရင့်အောင်၏ ထွက်ဆို ချက်အရ ဩဂုတ် ၁၈ ရက်တွင် ကမာရွတ် မြို့နယ်၌ မျိုးမင်းကို ဖမ်းဆီးရမိခဲ့ပြီး ယင်း၏ ထွက်ဆိုချက်အရ စမ်းချောင်းမြို့နယ်၌ ဇော်ဇော်မိုး၊ ဟိန်းရူပါအောင်နှင့် ပိုင်စိုးမိုးတို့ ၃ ဦး ကို ပွိုင့်-22 သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်၊ ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၄၃ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရပ်ကွက်၌ ညီညီထွန်းကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ ဝင်းကို(ဖမ်းဆီးရန်ကျန်) နေထိုင်သည့် ကမာရွတ်မြို့နယ်၊ (၅)ရပ်ကွက် နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း ၄ လုံးကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်ဇော်မိုး၏ထွက်ဆို ချက်အရ ဩဂုတ် ၁၉ ရက်တွင် လှိုင်မြို့နယ်၌ ခိုင်ခိုင်လွင်ကို ဖမ်းဆီးရမိခဲ့ပြီး ယင်း၏ ထွက် ဆိုချက်အရ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်ရှိနေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း ၂ လုံး၊ ပွိုင့်-၂၂ ကျည် ၂ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ ကမာရွတ် မြို့နယ်၊ (၅)ရပ်ကွက်ရှိ တိုက်ခန်းမှ လက်လုပ်မိုင်း ၁၁ လုံး၊ အသံဗုံး ၁၁ လုံး၊ ယမ်းတောင့် ၈ တောင့်၊ ယမ်းထုပ် ၄ ထုပ်၊ ဒီတိုနေတာ ၆ ချောင်းနှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဟိန်းရူပါအောင်၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၌ ဆက်စပ်တရားခံ ဇေယျာဖြိုးနှင့် ဇနီးဖြစ်သူ ခိုင်လင်းထက်ကျော်တို့ ၂ ဦးကို ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် အရ ဩဂုတ် ၂၁ ရက်တွင် ဗဟန်းမြို့နယ် ၌ အောင်စည်တိုးကို Icon ၂ လုံးဖြင့် လည်းကောင်း၊ မှော်ဘီမြို့နယ် ရေတွင်းကုန်း ကျေးရွာ၌ စည်သူလွင်ကို လည်းကောင်း၊ လှိုင်သာယာမြို့နယ်၌ သူရစိုးကို လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ ခိုင်ခိုင်လွင်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၃ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၉၀)ရပ်ကွက်ရှိ နေအိမ်ကိုဝင်ရောက် ရှာဖွေခဲ့ရာ ဇော်မင်းထွန်း၊ ဝင်းသော်တာ၊ သိန်းဇော်၊ မျိုးသီဟ၊ သက်ထွဋ်ဇော်၊ ဝေယံသိန်း (ခ)ဗစ်တာနှင့် သီဟဇော်တို့ ၇ ဦး ကို ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်ဗုံးတစ်လုံး၊ ကျည်မျိုးစုံ ၂၈၃ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၅ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ ဗန္ဓုလအိမ်ရာရှိ တိုက်အမှတ်(၂၆)၌ ဟိန်းကျော်လွင်နှင့် နှင်းအိဝေဇော်တို့ ၂ ဦးကိုလည်းကောင်း၊ ဟိန်းကျော်လွင်၏ ထွက်ဆိုချက်အရ ဗန္ဓုလ အိမ်ရာရှိ တိုက်အမှတ်(၄၉)၌ ထက်လွင်ဦးကို ပစ္စတိုတစ်လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၂၀ တောင့်တို့နှင့်လည်းကောင်း ထပ်မံဖမ်း ဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် အရ လှိုင်သာယာမြို့နယ်၊ ဗဟန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင် လက်လုပ်မိုင်း ဖောက် ခွဲမှု ၁၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖောက်ခွဲမှုများတွင် လှိုင်သာယာ မြို့နယ်၊ ဖောက်ခွဲရေးတာဝန်ခံ နေလင်းထွန်း (ခ)ထွန်းလင်း (ဖမ်းဆီးရန်ကျန်) ခေါင်းဆောင်သည့် အဖွဲ့မှ မေ ၁၁ ရက်တွင် လှိုင်သာယာမြို့နယ်၊ စည်ပင်သာယာရေးရုံးနှင့် မေ ၂၉ ရက်တွင် ကမ္ဘောဇဘဏ်အနီး ကားမှတ်တိုင်၌ လည်းကောင်း၊ ဇွန်လ ၁၆ ရက်တွင် ၁၀၃ ကားမှတ်တိုင်နှင့် (၁၀၃) မှတ်တိုင်အနီးရှိ City Mark အရှေ့တို့တွင် လည်းကောင်း၊ ဇူလိုင် ၂၃ ရက်တွင် လှိုင်သာယာမြို့နယ်၊ ၁၉ ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးကိုလည်းကောင်း၊ ဩဂုတ် ၁ ရက် တွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း ကျေးရွာ၊ အမှတ်(၁၀) ရပ်ကွက်၊ ကုလားကြီးစု ကျေးရွာအတွင်းတို့ရှိ Mytel တာဝါတိုင် ၃ ခုကိုလည်းကောင်း၊ စုစုပေါင်း ၈ ကြိမ် ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
ဝေယံသိန်း (ခ)ဗစ်တာ ခေါင်းဆောင် သည့်အဖွဲ့မှ ဇွန် ၁၆ ရက်တွင် ဗဟန်းမြို့နယ်၊ ကုက္ကိုင်း မီးပွိုင့်ယာဉ်ထိန်းရုံးကို လည်းကောင်း၊ ဇူလိုင်လ ၃ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ Music Zone KTV ကိုလည်းကောင်း၊ ဇူလိုင် ၇ ရက်တွင် မရမ်းကုန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်၊ မီတာရုံးရှေ့ အဝင်ပေါက်အား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝန ကားမှတ်တိုင်အနီးကိုလည်းကောင်း၊ တာမွေ မြို့နယ်၊ နတ်မောက်ရပ်ကွက်ရှိ ဝင်းသူဇာ အရောင်းဆိုင်ရှေ့ကို လည်းကောင်း၊ ဇူလိုင် ၈ ရက်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် တံတားအောက်တွင်လည်းကောင်း၊ ဩဂုတ် ၆ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ ရဲစခန်းအနီး အမှိုက်ပုံး၌လည်းကောင်း၊ ဩဂုတ် ၁၄ ရက် တွင် မြောက်ဥက္ကလာပမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့်သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးတို့ကိုလည်းကောင်း၊ ဩဂုတ် ၁၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ EPC ရုံးရှေ့တွင် လည်းကောင်း၊ စုစုပေါင်း ၁၁ ကြိမ် ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် များအရ ဩဂုတ် ၁၇ ရက်တွင် ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်နေ ဦးတင်လှ (မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်)ကို လုပ်ကြံ သတ်ဖြတ်ရာတွင် ဖမ်းဆီးရမိတရားခံ ဇော်ဇော်မိုး၊ ညီညီထွန်းနှင့် ဖုန်းနိုင်၊ ဆံရှည် (ဖမ်းဆီးရန်ကျန်)တို့မှ ပူးပေါင်းလုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် များအရ ယင်းတို့အဖွဲ့ကို အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ရန် စေခိုင်းသူများမှာ NLD ပါတီမှ မြတ်မင်းသူ (၂၀၁၅ ခုနှစ် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဟောင်း)နှင့် အကြမ်းဖက်အဖွဲ့စည်းဖြစ် သော NUG မှ မကေနှင့် NLD ပါတီမှ ဖြိုးဇေယျာသော် (၂၀၁၅ ခုနှစ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) တို့ ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ တာဝန်သိပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့် လုပ်ငန်းများလုပ်ဆောင်ပြီး အပြစ်မဲ့ပြည်သူ များအား လုပ်ကြံသတ်ဖြတ်နေသော လှိုင်သာယာ မြို့နယ် PDF အဖွဲ့ဝင် ၁၁ ဦး၊ ထန်းတပင်မြို့နယ် PDF အဖွဲ့ဝင် ၅ ဦး၊ ကွမ်းခြံကုန်းမြို့နယ် PDF အဖွဲ့ဝင် ၆ ဦး၊ စမ်းချောင်း/လှိုင်မြို့နယ် PDF အဖွဲ့ဝင် ၆ ဦး၊ သင်္ဃန်းကျွန်းမြို့နယ် PDF အဖွဲ့ဝင် ၃ ဦး နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် PDF အဖွဲ့ဝင် ၇ ဦး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် PDF အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၄၁ ဦးတို့ကို ပွိုင့်-22 သေနတ် ၁ လက်၊ ပစ္စတို ၄ လက်၊ ကျည်အိမ် ၅ ခု၊ ကျည်မျိုးစုံ ၃၂၉ တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ ပြုလုပ်ဆဲ လက်လုပ်သေနတ် ၂၅ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၈၁ လုံး၊ အသံဗုံး ၁၁ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဆွေဦး