နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးရွှေဆိုင်များ ပြန်လည်ဖွင့်လှစ်ပြီးချိန် ရွှေဈေးတည်ငြိမ်သော်လည်း အရောင်းအဝယ်အေး

မန္တလေး  မေ  ၂၆


COVID-19 ကာကွယ်ထိန်းချုပ်ရေးကာလ Homestay အပြီး မေတတိယပတ်မှစတင်ပြီး ရွှေဆိုင်များ ပြန်လည်ဖွင့်လှစ်ချိန် မန္တလေးမြို့ ရွှေဈေးကွက်တွင် မေ ၂၅ ရက် ဈေးဖွင့်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သားကျပ် ၁၂၁၂၀ဝ၀ ရှိခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်ထရိုင်အောင်စလျှင် ၁၇၄၁ ဒေါ်လာနှင့် ငွေလဲနှုန်းတစ်ဒေါ်လာ ၁၄၁၃ ကျပ်မြင့်တက်သော်လည်း မန္တလေး  ရွှေဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်နေသည်။ မေလအတွင်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၂၁၂၀ဝ၀ အောက်ပြန်ကျရန် မဖြစ်နိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

မေ၂၅ ရက် နံနက် ၇နာရီ ရွှေအဖွင့်ဈေးအခေါက် ရွှေတစ်ကျပ်သား ၁၂၁၂၀ဝ၀ ကျပ်၊ ၁၅ ပဲရည် ၁၁၄၀၇၀ဝကျပ်၊ ဒင်္ဂါး ၁၀၉၂၅၀ဝ ကျပ် ဖြစ်သည်။                             


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ