ရန်ကုန် ဩဂုတ် ၂၇
နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများအပါအဝင် အစိုးရ ပိုင် အဆောက်အဦများအား မီးရှို့ ဖျက်ဆီးခြင်း၊ အများပြည်သူသွားလာ လှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ လူပုဂ္ဂိုလ်များကို ဒလန်အဖြစ် စွပ်စွဲ သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည့် ကယား ပြည်နယ်ရှိ အကြမ်းဖက် PDF အဖွဲ့ များကို ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိ သည့် မျိုးပပ အား ဩဂုတ် ၁၂ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ Star City အိမ်ရာ၊ အခန်းအမှတ် A3/1023၌ ဖမ်းဆီး ရမိခဲ့သည်။
တရားခံ မျိုးပပ၏ ထွက်ဆိုချက် အရ ကယားပြည်နယ်ရှိ အကြမ်း ဖက် PDF အဖွဲ့များထံ ထောက်ပံ့ ပေးရန် ယင်း၏ KBZ Pay Account အတွင်းသို့ စင်ကာပူနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ ဖွဲ့စည်း ထားသည့် Together Myanmar အဖွဲ့မှ ဇူလိုင်လအတွင်း ၁၅,၇၂၇,၅၀၀ ကျပ်၊ ဩဂုတ်လအတွင်း ၆,၆၄၂,၃၅၀ ကျပ်၊ စုစုပေါင်း ငွေကျပ် ၂၂,၃၆၉,၈၅၀ အား စင်ကာပူနိုင်ငံနေ ငြိမ်းချမ်းသူမှ တစ်ဆင့်ပေးပို့မှုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်နေ ဦးမြင့်အောင်ထံမှ ငွေကျပ် ၅၀၀,၀၀၀ ကို လည်းကောင်း လက်ခံရရှိခဲ့ကြောင်း၊ လက်ခံရရှိငွေများကို အသုံးပြု၍ တရားခံ မျိုးပပသည် ကယား ပြည်နယ် ရှိ အကြမ်းဖက်အဖွဲ့များဖြစ်သည့် လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ KNDF(Karenni Nationalities Defense Force) အဖွဲ့များအတွက် လက်နက်၊ ခဲယမ်းဝယ်ယူရန် ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများ ထောက်ပံ့ခြင်းကို စုစုပေါင်း အကြိမ် ၂၀ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းပေးပို့ ထောက်ပံ့သည့် ငွေကြေး၊ ဝတ်စုံ၊ ရိက္ခာ၊ ဆေးဝါးများအား ကယား ပြည်နယ် ရှိ အကြမ်းဖက် PDF အဖွဲ့များ ထံ ပို့ဆောင်ပေးနေသည့် ဆက်စပ် တရားခံ လင်းလင်းခိုင်(ခ) ထွေးခိုင်နှင့် အကြမ်းဖက် PDF သင်တန်းဆင်း ရဲနိုင်ထွေး(ခ) ကိုရဲတို့ကို ဩဂုတ် ၁၅ ရက် နေ့လယ်ပိုင်းတွင် လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်၊ အိမ်အမှတ်၆၄တွင် ဖမ်းဆီးရမိခဲ့သည်။ လင်းလင်းခိုင် (ခ)ထွေးခိုင်နှင့် ရဲနိုင်ထွေး(ခ)ကိုရဲတို့သည် မျိုးပပမှ ပေးပို့သည့်ငွေများဖြင့် ကယားပြည်နယ်အတွင်း PDF အဖွဲ့ များအား ရိက္ခာ၊ စစ်ဝတ်စုံ၊ ဆေးဝါး တို့အား လွိုင်ကော်မြို့မှ ဝယ်ယူကာ ဒီးမော့ဆိုမြို့နယ်သို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တရားခံ ၂ ဦး၏ ထွက်ဆိုချက်များနှင့် တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး (ကလလတ) စစ်ဝတ်စုံများ ဝတ်ဆင်ပြီး အယောင် ဆောင်ကာ လက်နက်နှင့် ခဲယမ်းများ ကို ဖားဆောင်းမြို့မှ ဒီးမော့ဆိုမြို့သို့ Super Custom ယာဉ်ဖြင့် သယ်ဆောင် လာသည့် အကြမ်းဖက်ဒီးမော့ဆို PDF အဖွဲ့ဝင်များဖြစ်ကြသော မန်းဒီဇင် (ခ)ငမန်း၊ နိုင်ထွန်းလင်း(ခ)ဆိတ်ကုလား၊ မျိုးဇော်ဟိန်း(ခ)မျိုးကြီး၊ ဟန်ပြည့်ညီ(ခ) ငါးကလေး၊ ကျော်မင်း ထက်(ခ) ဗျတ္တ၊ ကျော်ဇင်ဦး (ခ)အာနိုး၊ ဖြိုးဘိုဘို (ခ)ဖြူဖွေး၊ ပေါလု(ခ)ဘင်ဘင်း၊ ကောင်းထက်အောင်(ခ) ကောင်းထက်၊ စိန်သန်းဌေး(ခ) သံချောင်းတို့ ၁၀ ဦးကို ဩဂုတ်လ ၁၈ ရက် ညနေပိုင်းတွင် ဘော်လခဲမြို့ ပူးပေါင်း စစ်ဆေးရေးဂိတ်၌ M-16 ၄ လက်၊ MK-12 ၃ လက်၊ ပစ္စတို ၃ လက်၊ ကျည်မျိုးစုံ ၉၀၆ တောင့် အပါအဝင် ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆွေဦး