နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့ပြီး PDF အဖွဲ့များထံ ငွေကြေး၊ ရိက္ခာနှင့် လက်နက်ခဲယမ်းထောက်ပံ့ပေးသူများ ဖမ်းဆီးရမိ

ရန်ကုန် ဩဂုတ် ၂၇


ဩဂုတ် ၂၁ ရက်တွင် တိုက်ကြီး မြို့နယ်၊ မင်္ဂလာရပ်ကွက်၊ တရားရုံး လမ်းရှိ နေအိမ်သို့ လုံခြုံရေးပူးပေါင်း အဖွဲ့ဖြင့် သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ ခင်မြတ်သူ NLD ပါတီ ၏ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း)အပါအဝင် ထိန်ဝင်း၊ အေးမင်းစိုး၊ အေးသူဇာ၊ ဇော်လင်းတို့ ၅ ဦးကို ဆန်၊ ရိက္ခာပစ္စည်း ၁၃ မျိုး၊ ဆေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။


ဖမ်းဆီးရမိခဲ့သူ ထိန်ဝင်း၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၂ ရက် တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွား ရေးရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၃၃၀/ခ) တိုက်ခန်းသို့ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ် အသံမိုင်း ၃၅ လုံး၊ လက်လုပ်မီးခိုးမိုင်း ၂၈ လုံး၊ လက်လုပ်ယမ်းလုံး(အသေး) တစ်ထုပ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာ တွင် အသုံးပြုသော အခြား ဆက်စပ် ပစ္စည်းများ၊ လက်ပံတန်း ဂျီတီအိုင် ကျောင်းသားများ သပိတ်စစ်ကြောင်း စာသားပါ ဗီနိုင်းတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။


ဆက်စပ်သူများဖြစ်သည့် စံပယ် (မင်္ဂလာဒုံ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဆေးဘက်ဆိုင်ရာ တာဝန်ခံ)ကို ဩဂုတ် ၂၂ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်း ရပ်ကွက်၊ မဉ္ဇူသကလမ်း၊ အမှတ် ၁၂၇ ၌ လည်းကောင်း၊ ဩဂုတ် ၂၃ ရက်တွင် ထွန်းထွန်း ကို ထောက်ကြန့်မြို့၊ လမ်းဆုံ ရပ်ကွက်၊ ပြည်လမ်း၊ အမှတ်၅၃၌ လည်းကောင်း၊ ဥမ္မာခင်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၃၀)ရပ်ကွက်၊ ထွန်းသီရိ (၁)လမ်း၊ အမှတ်(၅၂၄/က)၌လည်းကောင်း၊ အေးငြိမ်းမိုးနှင့် အောင်သူထက်တို့ကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ အမှတ်၃၂၆တွင် လည်းကောင်း၊ ဩဂုတ် ၂၅ ရက် တွင် ခင်စန္ဒာဝင်း (နိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေး ဝန်ကြီးဟောင်း၏ ဇနီး)ကို အင်းစိန် မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ ဗဟိုအကျဉ်းထောင် (အင်းစိန်) အနီးတွင်လည်းကောင်း အသီးသီးထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။                              ဆွေဦး






အခြားဆက်စပ်သတင်းများ