ရန်ကုန်၊ ဩဂုတ် ၂၆
ဩဂုတ် ၂၅ ရက်တွင် တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဘဏ်လုံခြုံရေး ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် CDF အကြမ်းဖက် သောင်းကျန်းသူများက ဘဏ်တွင်ငွေ လာရောက်ထုတ်ယူသည့် သာမန်ငွေ ထုတ်သူအသွင်ဖြင့် ရောက်ရှိလာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနီးချဉ်းကပ် ကာ ပစ္စတိုသေနတ်များဖြင့်အလစ် အငိုက် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာတွင် ကျဆုံးခဲ့သည်။
ထို့နောက် အကြမ်းဖက်သောင်းကျန်း သူများသည် သေနတ်များ ပစ်ဖောက် ၍ အသံပေးခြောက်လှန့်ကာ ဘဏ် အတွင်းသို့ ဝင်ရောက်ပြီး ဘဏ်အတွင်း ရှိ ရုံးလုပ်ငန်းသုံး ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးကာ ကွန်ပျူတာနှင့် CCTV များ ကို သေနတ်ဖြင့်ပစ်ခတ်ဖျက်ဆီး၍ ဘဏ် ငွေထုတ်ကောင်တာရှိ အများပြည်သူများ နှင့် ပင်စင်စား မိဘပြည်သူများကို ငွေ ထုတ်ပေးရန် အသင့်ပြင်ဆင်ထားရှိသည့် နိုင်ငံတော်ပိုင်ငွေကျပ် ၃၈၈ သိန်း ကျော် နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင် သည့် လက်နက်ငယ်အချို့ကို လုယက် ယူဆောင်ကာ ဘဏ်အတွင်း မှ ပြန်လည် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဆွေဦး