ရန်ကုန်၊ ဩဂုတ် ၂၆
ဩဂုတ် ၂၃ ရက်၊ နံနက်ပိုင်းတွင် တပ်မတော်အရာရှိတစ်ဦးအဖြစ် ဟန်ဆောင်ကာ မန္တလေးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေ ကြေးများကို အကြောင်းအမျိုးမျိုး ပြကာ တောင်းခံနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသွင်ယူ စောင့်ဆိုင်းကာ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြား တွင် ထက်ဝေဖြိုး (ခ) ကိုထက် (၃၀) နှစ်၊ (ဘ) ဦးစိုးဝင်း ဖမ်းဆီးရမိတရားခံ ၏ ထွက်ဆိုချက်များအရ ဖေဖော်ဝါရီ လလယ်ခန့်မှစ၍ တပ်မ (၉၉)မှ ဗိုလ်မှူး ဇော်လင်းထွန်း ဟု အမည်နာမ သုံးကာ မဟာအောင်မြေမြို့နယ်၊ “အောင်မိတ်ဆက်” ဆန်ဆိုင်၊ “ရွှေထိုက်” ဆန်ဆိုင်၊ “ချမ်းချမ်း” ကုန်စုံဆိုင်၊ “ဖိုးလုံး” ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၊ “ရွှေသီး” ကုန်မာဆိုင်၊ “စိန်ဝင်းဝင်း” လက်ဘက်ရည်ဆိုင်၊ “မိုးမိုးကျော်” သကြားဆိုင်တို့ကို လည်းကောင်း၊ ချမ်း အေးသာစံ မြို့နယ်၊ “တျန်တင်” စတိုး ဆိုင်၊ “ငွေလမင်း”ဆန်ဆိုင်နှင့် “ဂြိုဟ်တု” စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တို့ ကိုလည်းကောင်း အသီးသီး လိမ်လည်၍ ငွေတောင်းခံခဲ့ကြောင့် သိရှိရသည်။
ယခုနောက်ဆုံးအကြိမ်တွင် ချမ်း အေးသာစံမြို့နယ်ရှိ “ရွှေပြည်မိုး” စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်ကို ဩဂုတ် ၂၂ ရက်၊ ညနေပိုင်းက ဖုန်းဖြင့် ဆက်သွယ်ကာ ခြိမ်းခြောက်၍ ငွေ ကြေးတောင်းခံခဲ့ပြီး အဆိုပါ ငွေများ ကို သွားရောက်ယူဆောင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်းနှင့် ငွေကြေး လိမ်လည် ကောက်ခံမှုများတွင် စုစုပေါင်း ငွေကျပ် သိန်း ၁၁၀ ခန့်ရရှိခဲ့ပြီး အဆိုပါငွေများ ကို လောင်းကစားပြုလုပ်ရာတွင် အသုံး ပြုခဲ့ကြောင်းသိရသည်။ ဆွေဦး
\