နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းထောင်ဖောက်ခွဲမှုများကို လက်နက်/ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊  ဩဂုတ် ၂၅


ဩဂုတ် ၁၃ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်ရှိ “ကိုကိုညီညီ” ငါးကင်ဆိုင်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေလင်းအပါအဝင် စိုးအောင်၊ ပြည့်စုံအောင်နှင့် ဟိန်းမင်း မင်းထက်တို့ ၄ ဦးကို ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ၉ မမကျည် ၁၄ တောင့်၊ လက်လုပ်မိုင်း၂ လုံးတို့ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူ နေလင်း၏ထွက်ဆို ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၈)ရပ်ကွက်၊ တိုက်အမှတ် (၁၂၆)သို့ သွားရောက်ရှာဖွေခဲ့ရာ လက် လုပ် Air Gun ၈ လက်၊  လက်လုပ် မိုင်း မျိုးစုံ ၅၂ လုံး၊ မီးခိုးဗုံး ၄၆ လုံး၊ လက် လုပ်ပဒေသာမိုင်း ၁၁ လုံးပါ တစ်တွဲနှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြု သည့် အခြားဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။


ထို့ပြင် ဩဂုတ် ၁၄ ရက်တွင် ဖြစ် စဉ်နှင့်     ဆက်စပ်သူများဖြစ်သည့် ထက်အောင်ခန့်ကို ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်၊ (၄၇)ရပ်ကွက်၊ အမှတ် (၇၃၁)၌ လည်းကောင်း၊ အာကာအောင် (ခ) အာကာ(၃၅)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ  အထက်တန်းကျောင်း အနီး၌လည်းကောင်း အသီးသီးထပ်မံ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူ ထက်အောင်ခန့်၏ ထွက်ဆိုချက်အရ ဇွန် ၂၇ ရက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း )မြို့နယ်၊  (၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးကို ပစ်ခတ် ခဲ့သူ Lion (ဖမ်း ဆီးရန်ကျန်ထံသို့ ပစ်ခတ်ရန် သေနတ်ကို NUG အဖွဲ့ဝင် ချစ်ထွေး(ခ) အီသန် (ဖမ်းဆီးရန်ကျန်)ထံမှ  ချိတ် ဆက်ရယူပေးခဲ့ရာတွင်  ၎င်းအနေဖြင့် ပူးပေါင်းပါဝင်  ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက် အရ     ဒဂုံမြို့သစ်(မြောက်ပိုင်းနှင့် (တောင်ပိုင်း)မြို့နယ်များ အတွင်း ဖောက်ခွဲမှု (၅)ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ဇွန် ၁၉ ရက်တွင် (၄၇) ရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့ ခြံစည်းရိုးတွင် လက်လုပ်ဗုံးတစ်လုံးကို လည်းကောင်း၊ ဇူလိုင် ၆ ရက်တွင် (၄၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ အမှိုက်ပုံး တွင် လက်လုပ်ချိန်ကိုက်ဗုံး ၁ လုံးကို လည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် (၃၇)ရပ်ကွက်၊ ပြည်ထောင်စုလမ်း နှင့် ဗိုလ်ချုပ်လမ်းထောင့်၌ လက်လုပ်ဗုံး ၁ လုံးကိုလည်းကောင်း၊ ဩဂုတ် ၅ ရက်တွင် (၃၅)ရပ်ကွက်ရှိ “မြိုင်မဟာ” လ္ဘက်ရည်ဆိုင်၌ လက်လုပ်ဗုံး ၁ လုံး ကိုလည်းကောင်း၊ ဩဂုတ် ၈ ရက်တွင် ၅၅ ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဧရာဝဏ်လမ်းထောင့်၌ ဆိုင်ကယ်တူး ဘောက်အတွင်း လက်လုပ်ဗုံးတစ်လုံး ကို တပ်ဆင်၍လည်းကောင်း ဖောက်ခွဲ မှုများ အသီးသီးပြုလုပ်ခဲ့ကြောင်း သိရ သည်။                                    ဆွေဦး






အခြားဆက်စပ်သတင်းများ