နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားနပ်ရိက္ခာလုံခြုံစိတ်ချ၊ ဈေးကွက်ပိုမိုရရှိရေး အလေးထားဆောင်ရွက်

လူသားတို့၏နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေး၊ အခြေခံလိုအပ်ချက်များအနက် နေ့စဉ် အဓိကလိုအပ်ချက်မှာ စားနပ်ရိက္ခာပင်ဖြစ်သည်။ နေ့စဉ်တိုးတက် နေသော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံပိုလျှံရေးမှာ အလွန်  အရေးကြီးသော အချက်ဖြစ်သည်။


မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ သန်းခန့်သော ပြည်သူ၊ ပြည်သား များ စားနပ်ရိက္ခာပြည့်စုံစွာ စားသုံးနိုင်ရေး ထုတ်လုပ်ပေးနေသည် မှာ တောင်သူလယ်သမားဦးကြီးများပင် ဖြစ်သည်။ ယခုအခါ ဘက်ပေါင်းစုံမှ တောင်သူလယ်သမားဦးကြီးတို့အတွက် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိသည်။


၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါး တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် တစ်နှစ်လျှင် အတိုးနှုန်း       ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခဲ့သည်။ တောင်သူလယ်သမားဦးကြီးတို့ ရင်းနှီးမတည်ငွေ၊ လုပ်ငန်းလည်ပတ်ငွေများ တိုးပွားလာမည် ဖြစ်သည်။


နိုင်ငံတော်သည်  တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဥပဒေအရ ဦးဆောင် အဖွဲ့သည် နှစ်စဉ်အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန် ကြေညာလျက်ရှိရာ ၂၀၂၁-၂၀၂၂ အတွင်း စိုက်ပျိုးထုတ်လုပ်မည့် မိုးစပါးနှင့် နွေစပါးသီးနှံများအတွက် အခြေခံရည်ညွှန်း စပါး ဈေးနှုန်းထုတ်ပြန်ကြေညာနိုင်ရန်  ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပပြီး လာမည့်စပါးထွက်ပေါ်မည့်ရာသီတွင် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအဖြစ် စပါးတင်း ၁၀၀ လျှင် ငွေကျပ် ငါးသိန်းခြောက်သောင်း သတ်မှတ်သင့်ကြောင်း ထောက်ခံ အဆိုပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဒုဝန်ကြီး ဦးညွန့်အောင်က ဩဂုတ် ၂၄ ရက် လယ်ယာကုန်ထုတ်စီမံခန့်ခွဲရေး အဖွဲ့ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။


မိမိတို့နိုင်ငံတွင် သဘာဝသယံဇာတ၊ ရေသယံဇာတ ပေါကြွယ်ဝမှု၊ စိုက်ပျိုးရေးအတွက် သဘာဝမှပေးသည့် ရာသီဥတု အခြေအနေကောင်းများဖြင့် ရိုးသားကြိုးစားသော တောင်သူ လယ်သမားတို့၏အင်အားဖြင့် လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက် လျက် ဝင်ငွေအကျိုးစီးပွားတိုးပွားသော  လူမှုဘဝတိုးတက် စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ