နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်၊  ဩဂုတ် ၂၄


ဩဂုတ် ၂၄ ရက်၊ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက် ပိုင်း ကျပ်ပြင်ရပ်၊   အောင်သစ်လွင် ရပ်ကွက်တွင် မြေပြိုမှုဖြစ်ပွားကြောင်း သိရသဖြင့် လယ်ဦးနယ်မြေမီးသတ် စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင် ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ် တွင် မ ၃ ဦး (သေဆုံး)အား ရှာဖွေတွေ့ ရှိခဲ့ပြီး လောကဟိတလူမှုကူညီရေး အသင်းယာဉ်ဖြင့် မိုးကုတ်မြို့နယ်ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အလားတူ ဩဂုတ် ၂၃  ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ကုန်းကျေးရွာ တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှု ကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားကြောင်း သိရသဖြင့် စလင်းမြို့နယ် မီးသတ် စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများ ၊ ရွာသူ/သားများနှင့် ပူးပေါင်း၍ ကမ်းပါးပြိုကျရန် ပေ ၃၀ ခန့်အကွာရှိ အ.မ.က စာသင် ကျောင်းနှင့် နေအိမ်များကို ကွင်း အမှတ် ၄၈၆ ၊   သပြေဖြူကွင်းသို့ ပြောင်း ရွှေ့ပေးခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ