ရန်ကုန်၊ ဩဂုတ် ၂၄
ဩဂုတ် ၂၃ ရက်၊ နံနက် ၁ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာ အနီး မုံရွာယာကြီး- ကလေးဝသွား ကားလမ်း မိုင်တိုင် အမှတ် ၅ မိုင် ၃ ဖာလုံရှိ “မုံရွာအုပ်စု” ကုမ္ပဏီပိုင်ဆိုင် သည့် တန်ပိုယာဉ်ဖြတ်သန်းခ ကောက်ခံ ရေး ဂိတ်သို့ PDF အကြမ်းဖက်လက်နက် ကိုင်အဖွဲ့အင်အား ၁၀၀ ခန့်က မျက်နှာဖုံးများစွပ်လျက် လက်နက်ကိုင် များကိုင်ဆောင်၍ ရောက်ရှိလာပြီး ဂိတ် တာဝန်ကျ ကုမ္ပဏီဝန်ထမ်းများကိုကားလမ်းပေါ်တွင် ခေါင်းငုံ့ဒူးထောက်မှောက် ခိုင်းကာ တန်ပိုယာဉ်ဖြတ်သန်းခ ကောက်ခံရေးဂိတ်အဆောက်အဦ ၂ လုံး ကို တုတ်၊ ဓား၊ ဒေသန္တရလက်လုပ် မိုင်းတစ်လုံးတို့ဖြင့် ထုရိုက်ဖောက်ခွဲ ဖျက်ဆီး၍ ကုမ္မဏီဝန်ထမ်းများနေထိုင် သော အဆောက်အဦ ၄ လုံးနှင့် မော်တော်ယာဉ် ၂ စီးတို့ကို ဓာတ်ဆီ လောင်း၍ မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၂ နာရီခွဲအချိန်တွင် အဆိုပါ PDF အကြမ်းဖက်အဖွဲ့များ ပြန်လည်ထွက်ခွာ ခဲ့ပါသည်။
ထိုသို့ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး မှုကြောင့် အဆောက်အဦ ၆ လုံးနှင့် မော်တော်ယာဉ် ၂ စီး မီးလောင် ပျက်စီးခဲ့ပြီး အကြမ်းဖက်သူများ၏ ရိုက်နှက်မှုကြောင့် ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးတွင် ပြင်းထန်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။
ဆွေဦး