နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစာအများအပြားနဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တဲ့ မာတီးနက်ဇ်

 ဩဂုတ် ၂၄


အင်တာမီလန်အသင်းရဲ့ အထွေထွေ အမူဆောင်ချုပ် မာရော့တာကလော်တာ က ရိုမာတီးနက်ဇ်ဟာ များပြားလှတဲ့ လစာနဲ့ ကမ်းလှမ်းမှုတွေရခဲ့ပေမယ့် ငြင်းဆန်ကာ အသင်းမှာဆက်နေဖို့ သာ အာရုံစိုက်ခဲ့ကြောင်း ပြောကြားခဲ့ ပါတယ်။ မာတီးနက်ဇ်ကို တော့တင် ဟမ်အသင်းကရရှိဖို့ ချိတ်ဆက်ကြိုးပမ်း ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အင်တာအသင်းမှာသာ  ဆက်နေခဲ့တာ ဖြစ်ပါတယ်။


ဂိုးလ်ရဲ့  ဖော်ပြချက်အရတော့ တင်ဟမ်ဟာ မာတီးနက်ဇ်ကို ပေါင်သန်း ၆၀ နဲ့ အင်တာနဲ့ သဘောတူညီမှုရခဲ့ပြီး ချိန်မှာ အက်သလက်တီကိုကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ 

လော်တာရိုက “သူအသင်းမှာ ဆက်နေသွားဖို့  တောင်းဆိုခဲ့တာပါ ကျွန်တော်တို့ ဒီအတွက် ဂုဏ်ယူပါတယ်။ သူ ဒီအသင်းမှာ သူ့ခြေစွမ်းကိုတိုးတက်ချင်နေပါတယ်။ သူအသင်းမှာ ဆက်ရှိ ပြီး ကစားသွားမယ့်အပေါ် ကျွန်တော်တို့အရမ်းပျော်ရွှင်ရပါတယ်”လို့ ဆိုပါတယ်။ 


အသင်းနဲ့စာချုပ် ၂ နှစ် ကျန်သေး တဲ့ မာတီးနက်ဇ်ဟာ အင်တာနဲ့အတူ စီးရီးအေဖလား ထပ်မံဆွတ်ခူးရန်ဆန္ဒ ရှိနေပါတယ်။ တိုက်စစ်မှူး လူကာကူ ချဲလ်ဆီးအသင်းထံ ရောက်ရှိသွားပြီး နောက် အသက်၂၃ နှစ်သားဟာ အင်တာအတွက် အားကိုးရတဲ့ တိုက်စစ် မှူးတစ်ဦးဖြစ်လာဖို့   ရှိပါတယ်။ 

မနှစ်က အင်တာအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲ ကစားခဲ့ပြီး မာတီးနက်ဇ်ဟာ ၁၉ ဂိုးသွင်းယူခဲ့ပါတယ်။  အင်တာ ဟာမိုချန်ဂလာဘတ် တိုက်စစ်မှူး မားကပ်စ်သူရမ်အား  ခေါ်ယူရန် ပေါင်၂၅ သန်းဝန်းကျင် တန်ကြေးနဲ့ ‌ခေါ်ယူချင်နေပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ