ကဘူးလ်၊ သြဂုတ် ၂၄
အာဖဂန်နစ္စတန်ရှိ အမေရိကန်အတွက် အလုပ်လုပ်ပေးနေသော အာဖဂန် ဝန်ထမ်းများနှင့် ယင်းတို့၏မိသားစုများကို သြဂုတ်လ ၃၁ ရက်နေ့တွင် အပြီး ကယ်ထုတ်ရန် လက်တွေ့မဖြစ်နိုင်ကြောင်း ဥရောပသမဂ္ဂ(EU)၏ နိုင်ငံခြားမူဝါဒ ရေးရာအကြီးအကဲ Josep Borrell က သတိပေးပြောကြားလိုက်သည်။
ကဘူးလ်လေဆိပ်တွင် အမေရိကန်ဘက်က လုံခြုံရေး အထူးတင်းကျပ်ထား ခြင်းကြောင့် ဥရောပနိုင်ငံများအတွက် အလုပ်လုပ်ခဲ့ကြသည့် အာဖဂန်များဝင်ရောက် နိုင်ရေး အခက်အခဲတွေ့နေရသည့် အခြေအနေကိုလည်း အမေရိကန်များကို ပြောဆိုထားကြောင်း မစ္စတာ Borrell က ပြောသည်။ ကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းမည့် အကြောင်း အမေရိကန်က ကြေညာထားသော်လည်း လေယာဉ်နှင့် ကယ်ထုတ်သည့် လုပ်ငန်းစဉ်ကိုမူ အချိန်တိုးနိုင်ကြောင်း ပြောဆိုထားသည်။
ကဘူးလ် လေဆိပ်ကို အမေရိကန် စစ်တပ်က လက်ရှိ ထိန်းချုပ်ထားပြီး လေ ကြောင်း ပျံသန်းမှုကိုပါ ထိန်းချုပ်ဆောင်ရွက်နေကာ သြဂုတ်လကုန်ပိုင်းအတွင်း လူပေါင်း ၆၀,ဝ၀ဝ လောက်ကို ကယ်ထုတ်လိုသော်လည်း လက်တွေ့မှာ မဖြစ်နိုင် ကြောင်း Borrell က ထပ်လောင်း ပြောကြားထားသည်။ ရဲခေါင် (ref; AFP)