နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၂၀၅၈ ဦး၊ သေဆုံးသူ ၁၀၄ ဦးထိရှိလာ

လန်ဒန်၊  ဩဂုတ်  ၂၄ 


အစိုးရထုတ်ပြန်သည့် အချက်အ လက်များအရ ဗြိတိန်နိုင်ငံတွင်နောက် ဆုံး ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူး စက်ခံရသူ ၃၂,ဝ၅၈ ဦးနှင့် အဆိုပါ ဗိုင်းရပ်စ်နှင့်ဆက်နွယ်ပြီး ၁၀၄ ဦး သေ ဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။ 


ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်း ကူးစက်ခံရမှု ၃၇,၃၁၄ ဦးနှင့် သေဆုံးမှု ၁၁၄ ဦးကို မှတ်တမ်းတင်ခဲ့နိုင်ပြီး ၂၈ ရက်အတွင်း ကူးစက်သူနှင့်သေဆုံး သူကိန်းဂဏန်း   တက်လာခြင်းဖြစ် ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား ကာ ယခုအချိန်တွင် ကူးစက်ခံရမှုပေါင်း ၂၉,၅၂၀ ဦးနှင့် သေဆုံးသူပေါင်း ၉၃ ဦးသာရှိခဲ့ကြောင်း သိရသည်။  သြဂုတ်လ  တတိယပတ်အထိ  နောက်ထပ်လူ ၅၇,၂၈၉ ဦးကို ယင်းတို့၏ ပထမဆုံး သော ကိုဗစ်ကာကွယ်ဆေးကို ထိုးပေး နိုင်ခဲ့သဖြင့် ဗြိတိန်တွင်ကာကွယ်ဆေး ထိုးနှံသည့်  အရေအတွက်မှာ ၄၇, ၅၇၃,၇၉၄ ဦးအထိ    ရှိလာခဲ့ပြီး အဆိုပါ အရေအတွက် ကိန်းဂဏန်းတွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ်များပါ ပါဝင် ကြောင်း သိရသည်။ 


ယင်းတို့ကို နောက်ထပ် ဒုတိယ အကျော့ဆေးထိုးမှုအဖြစ် ၁၆၄,၄၄၈ ဦးကို ထိုးပေးနိုင်ခဲ့ရာ လက်ရှိတွင် လူပေါင်း ၄၁,၄၉၆,၅၇၆ ဦးမှာ ကပ်ရောဂါအတွက် အပြည့်အဝကာကွယ်ဆေးထိုးထားပြီး ဖြစ် သည်။ ကျန်းမာရေးကျွမ်းကျင်သူ တစ်ဦးကမူ ဗြိတိန်တွင် ကိုဗစ်-၁၉ ကူးစက်မှု  ပြန်လည်မြင့်တက်လာနိုင် ကြောင်း သတိပေးထားသည်။ 

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ