နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုဘိုင်းလ်ဖုန်း ယဉ်ကျေးမှု

မြန်မာနိုင်ငံတွင် တစ်နေ့တခြား မိုဘိုင်းလ်ဖုန်းများ တွင်ကျယ် ၍လာနေပြီး မိုဘိုင်းလ်ဖုန်းများ တွင်ကျယ်လာသကဲ့သို့ လူမှု ကွန်ရက်အသုံးပြုသူများ သန်းနှင့်ချီ၍ ရှိလာသည်။ မြန်မာနိုင်ငံ တွင် လူဦးရေ ၁၀ သန်းနှင့်အထက် ဆိုရှယ်မီဒီယာဖေ့ဘုတ်ကို အသုံးပြုနေကြောင်း မြန်မာနိုင်ငံ၏ အွန်လိုင်းသုံးစွဲမှုသည် တစ်ရက်လျှင် ပျမ်းမျှ ၂ ဒသမ ၄ နာရီရှိကြောင်း သုတေသန စစ်တမ်းအရ သိရပေသည်။


မိုဘိုင်းလ်ဖုန်းသုံးစွဲမှုနှင့် လူငယ်လူရွယ်များ လူမှုကွန်ရက် တည်ဆောက် ဆက်သွယ်အသုံးချခြင်းကြောင့် မိမိဘဝအတွက် ထိရောက်မည့် အတတ်ပညာ၊ နည်းပညာတို့အကျိုးရှိစွာ အသုံးချ ကြမည်ဟု မျှော်လင့်ခဲ့သည်။ လူမှုမီဒီယာများ တွင်ကျယ်လာသည့် ယနေ့ခေတ်တွင် ဝါဒဖြန့်ချိရန်လွယ်ကူလာသည်။


လူမှုကွန်ရက်သုံးစွဲသူများအနေဖြင့် အွန်လိုင်းသတင်း များအပေါ် အမှားအမှန်စိစစ်ရာတွင် အခြားသတင်းဌာနများ         နှင့် ဆန့်ကျင်ကွဲလွဲနေသည့် သတင်းရင်းမြစ်ကိုစစ်ဆေးခြင်း၊ အချက်အလက်များ မှန်၊ မမှန်ကို အခြားအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ လူအများ အထိတ်တလန့်ဖြစ်စေသော သတင်းများကို သံသယထား စိစစ်ရန်လိုအပ်ပေသည်။


နည်းပညာများ၏ လျင်မြန်စွာပြောင်းလဲလာမှုကို အသုံးချ၍ မကောင်းမြင်ဝါဒများကို သွတ်သွင်းရာတွင် တုံ့ပြန်မှုများက မြန်ဆန်လာကြပြီး သုံးစွဲသူများဘက်က ဆင်ခြင်ဉာဏ်အသိကို ထိန်းချုပ်၍ ပဋိပက္ခများဖြစ်ပေါ်မှုကို လျော့နည်းစေမည်ဖြစ်သည်။


မြန်မာနိုင်ငံတစ်ဝန်းကြုံတွေ့ခဲ့ရသော ရေဘေးသင့်ချိန်တွင် လူမှုကွန်ရက်များ၏ စွမ်းဆောင်မှုကြောင့် အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ခဲ့သည်မှာ မိုဘိုင်းလ်ဖုန်းသုံးစွဲသူကို အကျိုး ကျေးဇူးများလှပေသည်။ လူမှုကွန်ရက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ၏ တမင်ရည်ရွယ်ချက်ဖြင့် ဖြန့်ချိနေသည်မှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်နေရသည့် ပြဿနာဖြစ်သည်။ သတင်းတု၊ သတင်းမှားသည် ထိခိုက်မှု၊ နစ်နာမှုဖြစ်စေရန် ဦးတည်အကြောင်းအရာဖြစ်သည်။


နည်းပညာမြင့်မားလာမှုနှင့်အတူ အားသာချက်၊ အားနည်း ချက်များကို ဆင်ခြင်သုံးစွဲနိုင်သည့် ပြည်သူ၊ ပြည်သားတို့၏ အသိဉာဏ်များ တိုးတက်စေချင်ပါသည်။ သတင်းများသည် အချက်အလက်များပေးခြင်း၊ ဖျော်ဖြေခြင်းနှင့် အများပြည်သူကို ဆွဲဆောင်ခြင်းတို့ဖြင့် ရောယှက်နေသည်။ လူမှုကွန်ရက်များက လူအများ ထိတ်လန့်တကြားဖြစ်စေသည့် သတင်း၊ ဓာတ်ပုံ၊ ဗီဒီယို ဖိုင်များလွှင့်တင်၍ ဝါဒဖြန့်လှုံ့ဆော်မှုများသည် အန္တရာယ်ကြီးမား ပေသည်။


လောကလူသားတစ်ယောက်အနေဖြင့် အရာရာကိုချင့်ချိန် စဉ်းစားလုပ်ကိုင်တတ်ကြ၍ အကောင်း၊ အဆိုး၊ အကြောင်းအကျိုး တို့ကို ဝေဖန်ပိုင်းခြားသိရှိနိုင်ရန် အစဉ်သဖြင့် နှလုံးသွင်းဆင်ခြင် စေသင့်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ