နောင်ချို ဩဂုတ် ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များ သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၀ ရက်၊ ည ၁၁ နာရီတွင် နောင်ချိုမြို့နယ် မူဆယ်-မန္တလေးသွားကားလမ်း အိုရီယမ်တယ် တိုးဂိတ်အနီး၌ ကျောက်မဲမှမန္တလေးသို့ ဝေမင်းဟန်မောင်းနှင်ပြီး ငြိမ်းချမ်း လိုက်ပါလာသည့် ခြောက်ဘီး ကွန်တိန်နာယာဉ်ကို သတင်းအရ ရှာဖွေရာ ငွေကျပ်သိန်း ၂၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၁၆ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀၀၊ ဘိန်းကီလို ၃၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေး ဖော်ထုတ်ချက်အရအဆို ပါ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲ မြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင် ခြင်းဖြစ်ကြောင်းသိရသဖြင့် ယင်းတို့ ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ဆွေဦး