နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန် ဩဂုတ် ၂၂


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၂၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဝိုင်းမော်မြို့ အမှတ် ၃ ရပ်ကွက်ရှိ မထွေးကြည်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူသုည ဒသမ ၃၃ ကီလိုကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက် ဦးလှော်ခြံလမ်း အိမ်အမှတ်  ၁၇ ရှိ ကိုမောင်၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ ပြား၊ အိုက်စ် သုည ဒသမ ၀၀၃ ကီလိုနှင့် ဆေးခြောက် သုည ဒသမ ၁၅ ကီလိုကိုလည်းကောင်း၊ ဆက်လက်၍ မွန်းလွဲ ၂ နာရီတွင် အဆိုပါနေအိမ်ရှေ့သို့ သက်စိုးဟိန်း(ခ)မွန်ကြီး မောင်းနှင်ပြီး ပိုင်စိုးဦး (ခ) ပိုင်စိုးနှင့် အောင်ဖြိုးတို့ လိုက်ပါလာသည့်ယာဉ် ရောက်ရှိလာ သဖြင့် စစ်ဆေးရှာဖွေရာ ပိုင်စိုးဦး (ခ)ပိုင်စိုးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄၀ တို့ကိုလည်းကောင်း၊ ဆက်လက် ၍ ညနေပိုင်းတွင် ပိုင်စိုးဦး (ခ)ပိုင်စိုး နေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ် ဃ ရပ်ကွက် နွယ်နီ ၄ လမ်း တိုက်အမှတ် ၅ဝ၅ ၆ လွှာရှိ တိုက်ခန်း သို့ ဝင်ရောက်ရှာဖွေစိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ် အောင်ပန်း-ရွာ သွားကားလမ်း မိုင်တိုင် ၄၇/၄ အနီးတွင် စိုးမိုးဝင်း(ခ)ဖိုးလုံး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား၊ ၁၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ