နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့သူများအား ဖမ်းဆီးရမိ

မန္တလေး ဩဂုတ် ၂၂


ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ် ၇၂ လမ်း၊ ၂၉ လမ်းနှင့်လမ်း ၃၀ ကြားရှိ ပါတ်ကုန်း ဝန်းကျင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင် ဆွေထွန်း (၄၆)နှစ်(ဘ)ဦးဉာဏ်စိန်ကို အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ် ပွားခဲ့ကြောင်း သိရ သည်။ 


ဩဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ အောင်မျိုးကျော် (ခ)သားကြီး (၃၃)နှစ် (ဘ)ဦးမွတ်တားနှင့် ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးသူ ခန့်စည်သူ(ခ) မာရှယ်(၂၁)နှစ်(ဘ)ဦးတင်အုန်းတို့ကို ချမ်းမြသာစည် မြို့နယ်၊ ၄၆ လမ်းနှင့် ၁၀၅ (အေ)လမ်းထောင့်ရှိ မန်းဝေလှိုင်တည်းခိုခန်း တွင်လည်းကောင်း၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး၏ လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်ပေးသူ ဇင်မင်းပိုင်(၂၈)နှစ် (ဘ)ဦးမင်းပိုင်ကို ချမ်းအေးသာစံ မြို့နယ်၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊  ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ယင်း ၏နေအိမ်တွင်လည်းကောင်း၊ လုပ်ကြံ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် အသုံးပြု ခဲ့သည့် သေနတ်အားဝှက်ထား ပေးသူ ဒေါ်ယဉ်မျိုးသီ (၅၀)နှစ် (ဘ)ဦးရဲမြင့်ကို မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် အမှတ် ၁ ရပ်ကွက်၊ ၆၅ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ ယင်း၏ နေအိမ်တွင် လည်းကောင်း၊ ဖြစ်စဉ်တွင် အသုံးပြု ခဲ့သည့် ဆိုင်ကယ်ကိုဝှက်ထားပေးသူ အောင်မြင့်မြတ်ဖြိုး (၂၃)နှစ် (ဘ)ဦးရဲညွန့်ကို မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားတွင်လည်းကောင်း၊ ပြစ်မှု ကျူးလွန်သူများအား တိမ်းရှောင်ရန် နေရာစီစဉ်ပေးသူ သူရိန်ထွန်း (ခ) ဘယ်ကျော် (၃၆)နှစ် (ဘ)ဦးမြင့်ဟန်ကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၁၈၈/၁၄၊ ၇၈လမ်းနှင့် ၇၉ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ယင်း၏ နေအိမ်တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိ တရားခံများနှင့်အတူ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် SIG SAUER 9mm ပစ္စတိုသေနတ်တစ်လက်၊ ယင်းကျည် ၂၇ တောင့်၊ ကျည်အိမ်နှစ် ခု၊ ဆိုင်ကယ်တစ်စီး၊ ဒီတိုနေတာများ၊  ဆူပူဆန္ဒပြရာတွင် အသုံးပြုသည့်   ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ