နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိ

ရေစကြို ဩဂုတ် ၂၂


မကွေးတိုင်းဒေသကြီး၊ ရေစကြို မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အစပ်ရှိ ကျေးရွာအချို့ တို့တွင် အကြမ်းဖက်သင်တန်းများ ပို့ချခြင်း၊ လက်လုပ်သေနတ်များ ပြုလုပ် ခြင်းတို့ကို လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် လိုအပ်သည့် စုံစမ်းဖော်ထုတ်မှု များကို ဆောင်ရွက်လျက်ရှိရာ ရေစကြို မြို့နယ်၊ ရွှေလှံကျေးရွာ၊ ကမ္ဘာအေးဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ လက်နက်ခဲယမ်းများကို ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းက ဖော်ထုတ်သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။


ဖော်ထုတ် သိမ်းဆည်းရမိသည့် လက်နက်/ ခဲယမ်းများအနေဖြင့် လက်လုပ်စိန်ပြောင်း နှစ်လက်၊ လက်လုပ်ပခုံးထမ်း ဒုံးတစ်လက်၊ တူမီး ၂၂ လက်၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ စနက်တံမျိုးစုံ ၂၀၀ ခု၊ လက်နက်နှင့် မိုင်းများပြုလုပ် ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများ ကို သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဘုန်းတော်ကြီး ကျောင်းနှင့် ကျေးရွာပတ်ဝန်းကျင် တစ်ဝိုက်ကို ဆက်လက်ရှာဖွေဖော် ထုတ်ခဲ့ရာ ဦးကျော်နိုင်(၄၈)နှစ် မြစ်သာ ကျေးရွာနေထိုင်သူအား လက်လုပ် သေနတ်ပြုလုပ်နေသည့် မှတ်တမ်း ဓာတ်ပုံများပါဝင်သည့် လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။                                     ဆွေဦး






အခြားဆက်စပ်သတင်းများ