နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဒေးဒရဲမြို့ မြို့မဈေးအတွင်းဆောင်ရွက်

ဒေးဒရဲ ဧပြီ ၂ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာမြို့မဈေးအတွင်းတွင်လည်း ဧပြီ ၁ ရက် နံနက်ပိုင်းမှစ၍ ဈေးရောင်း၊ ဈေးဝယ်များအနေဖြင့် ဈေးအတွင်းသို့ ဝင်ပေါက် ၅ ပေါက်မှသာ ဝင်ရောက် ခွင့်ပြုပြီး ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား (၃)ပေအကွာမှ ရောင်းဝယ်နိုင်ကြစေရေးနေရာ များသတ်မှတ်ပေးခြင်း၊ ဈေးအတွင်းဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်ဆေး ဘေစင်များတပ်ဆင်ပေးခြင်း၊ လက်ကိုင်စပီကာများဖြင့် အသိပညာပေးနှိုးဆော်ပေးခြင်းနှင့် သား၊ ငါးတန်း များအား နေ့စဉ်ပိုးသတ်ဆေးဖျန်းခြင်းစသည့် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအမှုဆောင် အရာရှိ ဦးဝဏ္ဏထွန်း ခေါင်းဆောင်သောဝန်ထမ်းများ၊ မြို့နယ်COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အထောက်အကူပြုကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးကော်မတီများနှင့် ပူးပေါင်း၍ နေ့စဉ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မြင့်မြင့်ခိုင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ