နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid ကူးစက်ခံလူနာများတွင် အယ်လ်ဖာနှင့် ဒယ်လ်တာကို အကာအကွယ်ပေးနိုင်သည့် ပဋိပစ္စည်းများရှိနေကြောင်း ဆွီဒင်သုတေသီများ ပြောကြား

စတော့ဟုမ်း   ဩဂုတ်   ၂၂


Covid 19 ကူးစက်ခံလူနာများတွင် အယ်လ်ဖာနှင့်  ဒယ်လ်တာကို  အကာ အကွယ်ပေးနိုင်သည့်  ပဋိပစ္စည်းများ ရှိနေကြောင်း ဆွီဒင်သုတေသီများပြော ကြားလိုက်သည်။ 


ပြီးခဲ့သည့်နှစ်က Covid 19 ကြောင့် နာမကျန်းဖြစ်ခဲ့ရသူများ၏ ၈၀ ရာခိုင်နှုန်း တွင် အဆိုပါဗိုင်းရပ်စ်များကို ခုခံနိုင်သည့် ပဋိပစ္စည်းများရှိနေသည်ကိုတွေ့ရ ကြောင်း ဆွီဒင်သုတေသီများ၏   လေ့လာချက် တစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုကို ဒန်းဒတ်ဆေးရုံရှိ ဆေးရုံ ဝန်ထမ်း ၂၀ဝ၀ နှင့် ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ 


ယင်းတို့အနေဖြင့် လေးလတစ်ကြိမ် သွေးစစ်ရကာ  သွေးစစ်ချက်များကို ပေးပို့ရပြီး   အထူးပြုလုပ်ထားသည့် အက်ပလီကေးရှင်းမှ မေးခွန်းများကို ပြန်လည်ဖြေပေးသည့်အဖြေများကို စစ်တမ်းပြုထားခြင်း ဖြစ်သည်။ ယင်းသို့ လေ့လာရာတွင် အယ်လ်ဖာနှင့် ဒယ်လ်တာ အပေါ် ပဋိပစ္စည်း၏ ကာကွယ်နိုင်စွမ်းမှာ ကောင်းမွန်သော်လည်း တောင်အာဖရိက နှင့် ဘရာဇီးမျိုးဗီဇကွဲအဖြစ် သိထားကြ သည့်    မျိုးဗီဇကွဲများအပေါ်တွင်မူ ကာကွယ်မှုနိမ့်ကြောင်း  လေ့လာချက် တွင်ဖော်ပြထားသည်။ 


ဒန်ဒတ်ဆေးရုံ သုတေသနအဖွဲ့သည် ယခင်က    ကူးစက်ခံထားရပြီးသူများ အတွက် ကာကွယ်ဆေးထိုးရမည့်အလုံး ရေပမာဏကိုပါ စမ်းသပ်မှုများပြုလုပ် ခဲ့ကာ တွေ့ရှိချက်အရ  ယင်းတို့သည် Pfizer တစ်လုံးတည်းနှင့်ပင် လုံလောက် ကြောင်း သုတေသီများက ပြောသည်။ လက်ရှိ ဆွီဒင်နိုင်ငံတွင် Covid ကူးစက်ခံ ရသူပေါင်း ၁ ဒသမ ၁၁ သန်းရှိနေပြီး လူပေါင်း ၁၄၆၀ဝ သေဆုံးခဲ့ပြီးဖြစ်သည်။ 

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ