ဆိုးလ် ဩဂုတ် ၂၂
အမေရိကန်နိုင်ငံ နျူကလီးယားဆိုင်ရာ အထူးသံတမန်သည် တောင်ကိုရီးယား နိုင်ငံတာဝန်ရှိသူနှင့် ကိုရီးယားကျွန်း နျူးကလီးယားအရေးဆွေးနွေးရန်တောင် ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ အထူးကိုယ်စားလှယ် Sung Kim သည် ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ တောင်ကိုရီးယားသို့ လေးရက်ကြာလည်ပတ်မည်ဖြစ်ပြီးယခု ခရီးစဉ်သည် မေလက ယင်းအနေဖြင့် တာဝန်ယူခဲ့ချိန်မှစ၍ ဒုတိယအကြိမ် မြောက် တောင်ကိုရီးယားနိုင်ငံသို့သွား ရောက်ခဲ့ရသည့်ခရီးစဉ်ဖြစ်သည်။
Kim သည် ဩဂုတ် ၂၄ ရက်၌ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ အထူးကိုယ်စားလှယ် Noh Kyu-duk နှင့် တွေ့ဆုံမည်ဖြစ်ကာ ကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေး ပြီးစီးစေရန် နှင့် တည်တံ့သောငြိမ်းချမ်းရေးအခြေကျ မှု၌ ထိရောက်သောတိုးတက်မှုအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နည်း လမ်းများ ဆွေးနွေးသွားမည်ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန် နိုင်ငံကြား နျူကလီးယားကင်းစင်ရေး ဆွေးနွေးမှုများမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ လတွင် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၌ သဘောတူညီမှုမရရှိဘဲ အဆုံးသတ်ခဲ့သည့် မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်နှင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ကြား ဒုတိယအကြိမ် မြောက် ထိပ်သီးအစည်းအဝေးပြီးချိန်မှ စ၍ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။
မျိုးဝင်း (ref; Xinhua)