သထုံ ဩဂုတ် ၂၀
ဩဂုတ် ၁၉ ရက်၊ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်၊ မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပေါ်တော်မူကျေးရွာ၊ ဂျိုင်းရွာလမ်းတွင် MAZDA အမျိုး အစား(အပြာရောင်) မြေသယ်ယာဉ် သည် သုံးဘီးကို ရှောင်ရာမှ လမ်းဘေးသို့ ထိုးကျမှုဖြစ်ပြီး ယာဉ် မောင်းသည် ကားခေါင်းအတွင်း ညပ်နေကြောင်း သိရသဖြင့် သထုံ မြို့နယ်မီးသတ်စခန်းမှ မီးသတ် စက်ယာဉ်တစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များသည် ကြင်နာတွဲလက် လူမှု ကူညီရေးအသင်း၊ သက်တန့် ရောင်စဉ် လူမှုကူညီရေးအသင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း ၍ သွားရောက် ကူညီ ဆောင်ရွက်ခဲ့ရာ ကားခေါင်းတွင် ညပ်နေသူ ယာဉ်မောင်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ကို ကယ်ဆယ်ပြီး သထုံပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။
ဆွေဦး