မြိုင် ဩဂုတ် ၂၀
ဩဂုတ် ၁၉ ရက်၊ နံနက် ၁ နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ ဆူးဝင်း ကျေးရွာနေ ဦးမျိုးထွန်း ၃၉ နှစ် (ဘ)ဦးကျော်သိန်းအား PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဝင် အမျိုးသား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်၍ ငွေကျပ်သိန်း ၇၀၀ ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဦးမျိုးထွန်း ၃၉ နှစ် (ဘ) ဦးကျော်သိန်းသည် ယင်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် အစိမ်းရောင် ပြောက်ကျား ဦးထုပ်ဝိုင်း၊ အင်္ကျီလက်ရှည်၊ ဘောင်း ဘီရှည်၊ တောစီးပြောက်ကျား ဖိနပ်များ ဝတ်ဆင်ထားကာ မျက်နှာဖုံးတပ်ဆင် ထားသည့် PDF အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ အမျိုးသားနှစ်ဦး က ခြံစည်းရိုးအုတ်တံတိုင်းနှင့် သွပ်ဆူးကြိုးများကို ဖျက်ဆီး၍ခြံဝင်း အတွင်း ဝင်ရောက်လာပြီး နေအိမ်ရှေ့ တံခါးအား ဆွဲဖွင့်နေသဖြင့် ဦးမျိုးထွန်း မှ တံခါးဖွင့် မေးမြန်းစဉ် ယင်းတို့ နှစ်ဦးအနက် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးမျိုးထွန်း တွင် ယာဘက်မေးရိုးရှပ်ထိ ဒဏ်ရာ တစ်ချက်ရရှိခဲ့သည်။
အဆိုပါ အကြမ်းဖက်လက်နက် ကိုင်အဖွဲ့ဝင် အမျိုးသားနှစ်ဦးက ဦးမျိုးထွန်းကို ခြိမ်းခြောက်ကာနေအိမ် ရှိ မီးခံသေတ္တာသော့ ဖွင့်ခိုင်း၍ အတွင်းရှိ ငွေကျပ်သိန်း ၇၀၀ ကို လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာ၌ ယင်းတို့ ပစ်ခတ်ခဲ့သည့် LC 87 စာတမ်းပါ ကျည်ခွံတစ်ခွံနှင့် ကျည်တစ်တောင့်တို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဆွေဦး