ယနေ့ကာလတွင် ခေတ်စနစ်နှင့်အညီ လူ့အဖွဲ့အစည်းကို တည်ဆောက်နေရာအချို့နေရာများတွင် အလွန်အကျွံလွတ်လပ် မှု၊ အလွန်အကျွံပွင့်လင်းမှုများကြောင့် မမြင်သင့်၊ မကြားအပ် သောဖြစ်စဉ်များဖြစ်ပွားလာသည်ကို တွေ့ရပေသည်။
ပွင့်လင်းမှုကို ကြိုဆိုသော်လည်း စည်းလွတ်၊ ဝါးလွတ် လွတ်လွပ်ပွင့်လင်းမှု၊ လုပ်ချင်ရာလုပ်လိုမှုတို့မရှိရန် လိုအပ်မည် ဖြစ်ပေသည်။ အများပြည်သူလွတ်လပ်စွာနေထိုင်လှုပ်ရှားမှုများ ကို ခွင့်ပြုထားသော်လည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ထိခိုက်စေမည့် လှုပ်ရှားမှုများကို ကာကွယ် စောင့်ရှောက်ပေးကြရပေသည်။
ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအတွက် လိုအပ်ချက်တစ်ရပ်ပင်ဖြစ် သည်။ ရပ်ရွာအေးချမ်းသာယာမှ ကောင်းမွန်သောအသက်မွေးဝမ်း ကျောင်းပြုနိုင်ပြီး လူမှုဘဝလှပမည်ဖြစ်ပေသည်။
အထူးသဖြင့် အေးချမ်းသာယာမှုနှင့် လူမှုဘဝလုံခြုံရေးကို ဖျက်ဆီးတတ်သောဒုစရိုက်မှု၊ အနိုင်အထက်ပြုကျင့်မှုတို့မပေါ် ပေါက်လာအောင် အကာအကွယ်ပေးခြင်းသည် အားလုံးတွင် တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာတို့တွင်လည်း တာဝန်ရှိပေသည်။
ယနေ့အခြေအနေတွင် အကြမ်းဖက်တတ်ခြင်း၊ အကျိုးမဲ့ ဖျက်ဆီးစေလိုခြင်း၊ ရန်လိုတိုက်ခိုက်ခြင်းသည် မိမိသည်သာမက မိမိ မိသားစု၊ ရပ်ရွာ၊ နိုင်ငံအထိ ပျက်စီးစေရန် လုပ်ဆောင်မှုများကို လူငယ်များအား အသုံးချပုံသွင်းကြိုးပမ်းလျက်ရှိသည်။
လူငယ်တို့သည် စွန့်စားရဲကြသည်။ ဖိနှိပ်ချုပ်ချယ်မှုကို မကြိုက် ယင်းအကြောင်းအရာများကိုအခြေပြု၍ လုပ်ငန်းဆောင်တာများ တွင် အသုံးချလာကြသည်။ တက်ကြွရဲရင့်သည့် အစွမ်းသတ္တိများ အဟောသိကံဖြစ်ကြရသည်။ ပြည်သူများဘဝကို မျက်ကွယ်မပြု သကဲ့သို့ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ထာဝစဉ်အကာအကွယ်ပေးရေးတွင် သက်ဆိုင်ရာ လုံခြုံ ရေးဆိုင်ရာတွင် တာဝန်ရှိသကဲ့သို့ ပြည်သူများ ပူးပေါင်းပါဝင် တားဆီးကာကွယ်ရန် လိုအပ်သည်။
တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံသားတိုင်းက လိုက်နာ ကြရမည်ဖြစ်သကဲ့သို့ မိမိရပ်ရွာအတွင်း မငြိမ်မသက်ဖြစ်စေရန်၊ တည်ငြိမ်အေးချမ်းမှုမရှိစေရန် ကြံရွယ်သူများကို ပူးပေါင်း ကာကွယ်ခြင်းတားဆီးခြင်းဖြင့် နိုင်ငံသားများတိုင်းပြည် ပြန်လည် ထူထောင်ရေးတွင် အလေးထားဆောင်ရွက်စေချင်ကြောင်း ။ ။