နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကူးစက်မဟုတ်သောရောဂါ

၂၁ ရာစုခေတ်ကာလတွင် ကူးစက်မဟုတ်သောရောဂါများ သည် တစ်ကမ္ဘာလုံးတွင်သေဆုံးရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း၊ ကူးစက်မဟုတ်သောရောဂါများစွာရှိသည့်အနက် နှလုံးသွေးကြောရောဂါများ၊ ကင်ဆာရောဂါများ၊ ဆီးချို၊ သွေးချို ရောဂါနှင့် နာတာရှည်အဆုတ်ရောဂါများကို အဓိကကျသော ကူးစက်မဟုတ်သောရောဂါများဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားကြောင်း သိရပေသည်။ 


မြန်မာနိုင်ငံတွင် ဆီးချို၊ သွေးချိုရောဂါကြောင့် တစ်နှစ်ထက် တစ်နှစ်လူပေါင်းခြောက်သောင်းကျော်သေဆုံးနိုင်ကြောင်း ပညာ ရှင်များက ခန့်မှန်းတွက်ချက်ထားသည်။ အသက် ၂၀ မှ ၇၉ နှစ် အတွင်း လူဦးရေနှစ်သန်းခန့်မှာ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားနိုင် ကြောင်း လူ ၁၀၀ လျှင် ခြောက်ဦးနီးပါးနှုန်း ဖြစ်ပွားလျက်ရှိ ကြောင်း၊ အမျိုးသားဦးရေကိုးသိန်းကျော်နှင့် အမျိုးသမီးဦးရေ ၁၀ သိန်းကျော်ဖြစ်ပွားလျက်ရှိကြောင်း၊ ရောဂါရှိမှန်းမသိသူ ၁ ဒသမ ၂ သန်းခန့်ရှိကြောင်း ပညာရှင်များက အသိပေးထုတ်ပြန် ထားသည်။ 


ဆီးချို၊ သွေးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ ခြေထောက်ဖြတ်ရ ခြင်း၊ မျက်စိကွယ်ရခြင်းတို့ကြောင့် လူစဉ်မမီဒုက္ခိတဖြစ်စေသည်။ ဆီးချို၊ သွေးချိုရောဂါရှင်များအနေဖြင့်လည်း မှန်ကန်သည့်အစား အသောက်နှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို ပုံမှန်ပြုလုပ်ကြရန် လိုအပ်သည်။ 


ကျွန်ုပ်တို့နိုင်ငံတွင် ဆီးချို၊ သွေးချိုရောဂါကာကွယ်နိုင်ရေး အတွက် ဆီးချို၊ သွေးချိုရောဂါ  ကနဦးလက္ခဏာရောဂါရှိ၊ မရှိ စစ်ဆေးခြင်း၊ ဆီးချို၊  သွေးချိုကာကွယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ 


မြန်မာနိုင်ငံတွင်  ကူးစက်မဟုတ်သော ရောဂါများသည် ပြည်သူလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသောကျန်းမာရေး ပြဿနာများကို တိုးတက်ဖြစ်ပေါ်လျက်ရှိရာ ကူးစက်ရောဂါများ ကာကွယ်ရေးသာမက ကူးစက်ရောဂါမဟုတ်သောရောဂါများကာကွယ်ထိန်းသိမ်းရေးတိုးမြှင့်လုပ်ဆောင်ရန်လိုအပ်သည်။


ယင်းကဲ့သို့ ကူးစက်မဟုတ်သောရောဂါများကာကွယ်ရေး တွင် ကျန်းမာရေးဝန်ကြီးဌာနသာမက ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ