နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီမြစ်အတွင်း၌ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်း ပြုလုပ်

ရန်ကုန် ဩဂုတ် ၁၉


သဘာဝဘေးအန္တရာယ်များမှ ရေပြင်အသက်ကယ်ရှာဖွေ ကယ်ဆယ် ရေးဇာတ်တိုက်သရုပ်ပြမှုကို ဩဂုတ် ၁၈ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်အတွင်း၌ ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များ၊ စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။


ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်း ပရဟိတအဖွဲ့ဝင်များက အသင့်ပြင်ဆင်စုဖွဲ့ထားသော ရေပြင် ကယ်ဆယ်ရေး လုပ်ငန်းသုံးရေယာဉ် ဖြင့် သရုပ်ပြစုဖွဲ့ မောင်းနှင်ခြင်း၊ ရေပြင်တွင် မျောပါလာသူများကို ကယ်ဆယ်ရေးတပ်ဖွဲ့က အသက်ကယ် ဘောနှင့် အသက်ကယ်ကြိုး အသုံးပြု ၍ ကယ်ဆယ်ခြင်းနှင့် ရှေ့ဦးသူနာပြု နည်းဖြင့် အသက်ကယ်ခြင်းစသည့် လက်တွေ့သရုပ်ပြ လေ့ကျင့်မှုများကို ကြည့်ရှုအားပေးကြသည်။ 


ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် စုဖွဲ့ထားရှိမှုအခြေအနေ များကို လိုက်လံကြည့်ရှု၍ ပါဝင် သရုပ်ပြခဲ့သည့် အဖွဲ့ဝင်များကို အလှူငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။  

ဆွေဦး






အခြားဆက်စပ်သတင်းများ