နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ချီလီနိုင်ငံ၏ကျန်းမာရေးစနစ် နောက်ဆုံးအတိုင်းအတာရောက်လုနီးပါးဖြစ်နေဟု ဆို

ဆန်တီယာဂို


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ချီလီနိုင်ငံ၏ ကျန်းမာရေးစနစ်မှာ နောက်ဆုံးအတိုင်းအတာ ရောက်ရှိလုနီးပါးဖြစ်နေပြီဟု ချီလီသမ္မတ ပင်နီရာက ပြောသည်။ ချီလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၀၀၀၀ နီးပါးရှိနေပြီး လူ ၇၀၀ ကျော် သေဆုံးခဲ့သည်။ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ရာ ဗဟိုချက်ဖြစ်သည့် ဆန်တီယာဂိုမြို့တွင် တင်းကျပ်သည့်ပိတ်ဆို့မှုများ ချမှတ်ထားသည်။


''ကျန်းမာရေးစနစ်က ဖိအားအရမ်းများနေပြီဆိုတဲ့အချက်ကို ကျွန်တော်တို့ ကောင်းကောင်း သတိထားမိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တောင်းဆိုချက်၊ လိုအပ်ချက် အရမ်းများနေသလို အထူးကြပ်မတ်ခန်းခုတင်တွေ၊ အသက်ရှူစက်တွေလည်း အရမ်းလိုအပ်နေလို့ ကျွန်တော်တို့ရဲ့ နောက်ဆုံးအတိုင်းအတာ ရောက်လုဆဲဆဲဖြစ်နေပါပြီ''ဟု  ပင်နီရာက ပြောသည်။ 


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆန်တီယာဂိုမြို့မှာ ကန့်သတ်တားဆီးမှုများနှင့်ပတ်သက်၍ ဆူပူအုံကြွမှု ဖြစ်ပွားခဲ့သည်။ ပိတ်ဆို့ခံထားရချိန်အတွင်း အစားအစာပြတ်လပ်မှုကြောင့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား အဓိကရုဏ်းဖြစ်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးကြောင့် စီးပွားရေးရိုက်ခတ်မှု ခံစားနေရသည့် ချီလီနိုင်ငံသား လေးပုံ၊ တစ်ပုံနီးပါးကို ကူညီပေးရန် အရေးပေါ်အခြေခံဝင်ငွေ ပေးအပ်မှုကို သတ်မှတ်ချိန်ထက် စော၍ပေးသွားမည်ဟု ပြီးခဲ့သည့်အားလပ်ရက်တွင် ချီလီအစိုးရက ကြေညာခဲ့သည်။ လာမည့်စနေနေ့မှစပြီး လူ ၁ ဒသမ ၈ သန်းမှာ အရေးပေါ်အခြေခံဝင်ငွေ ရရှိမည်ဖြစ်ပြီး ဇွန်လ ၁၀ ရက်တွင် နောက်ထပ် လူ ၃ သန်းကို ထပ်မံပေးအပ်သွားမည်ဟု ပင်နီရာက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ