နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနောက်ပိုင်းသြစတြေးလျပြည်နယ်တွင် အင်အားပြင်းမုန်တိုင်း တိုက်ခတ်

မေ ၂၅၊ ဆစ်ဒနီ


အနောက်ပိုင်းသြစတြေးလျပြည်နယ်တွင် အင်အားပြင်းမုန်တိုင်း တိုက်ခတ်ခဲ့ခြင်းကြောင့် မိုင် ၆၂၀ အကွာအဝေးအတွင်း တည်ရှိသည့် နေအိမ်များ ခေါင်မိုး ပြုတ်ထွက်ခြင်း၊ သစ်ပင်ပြိုလဲခြင်း များဖြစ်ပွားခဲ့သည်။ မေလ ၂၅ ရက်က ပါ့သ်မြို့မှ နေအိမ်အများစုအပါအဝင် နေအိမ် ၆၀၀၀၀ ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အရာရှိများက ဆိုသည်။ အနောက်ပိုင်းသြစတြးလျပြည်နယ်၏ တောင်ဘက်ခြမ်းတွင် သဲမုန်တိုင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ ကမ်းခြေတစ်လျှောက်တွင် လှိုင်းလုံးကြီးများ ရိုက်ခတ်ခဲ့သည်။ 


အနောက်ပိုင်းသြစတြေးလျပြည်နယ်တွင် နေထိုင်သူများအနေဖြင့် ဆယ်စုနှစ်တစ်ခုတွင် တစ်ကြိမ်သာ ကြုံရမည့် အင်အားပြင်းမုန်တိုင်း တိုက်ခတ်မှုကို ပြင်ဆင်ထားကြရန် အာဏာပိုင်များက ကြိုတင်သတိပေးခဲ့သည်။ အချိန်မဟုတ်ဘဲ ဝင်ရောက်လာသည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မန်ဂါ၏ အကြွင်းအကျန်နှင့် တောင်ဘက်က ဝင်ရောက်လာသည့် လေအေးများ ပေါင်းဆုံမိရာမှ ယခုကဲ့သို့  မုန်တိုင်းဖြစ်ပေါ်ခဲ့ခြင်းဟု မိုးလေဝသဗျူရိုက ပြောသည်။ 


လေအေးများကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရေကြီးရေလျှံမှုနှင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။ ကယ်ဘာရီ အပန်းဖြေစခန်းမြို့မှ သြစတြေးလျနိုင်ငံ အနောက်တောင်ဘက်စွန်း ဒိန်းမတ်မြို့ကြား ဧရိယာအတွင်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။ မုန်တိုင်း တိုက်ခတ်စဉ်က အဆိုပါဒေသတွင် တစ်နာရီ လေတိုက်နှုန်း ၈၂ မိုင်အထိ ရှိခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ