နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာလီဘန်အကျဉ်းသား ၂၀၀၀ ကို ပြန်လွှတ်ပေးလိုက်သည်ဟု အာဖဂန်နစ္စတန်သမ္မတ ကြေညာ

မေ ၂၅၊ ကာဘူးလ်


အစ်ဒ်ပွဲတော်နေ့မှစ၍ သုံးရက်တိုင်တိုင် အပစ်အခတ်ရပ်စဲသည်ဟု တာလီဘန်အဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက် တာလီဘန်အကျဉ်းသား ၂၀၀၀ ကို ပြန်လွှတ်ပေးလိုက်ကြောင်း အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဂါနီက ကြေညာခဲ့သည်။ တာလီဘန်အကျဉ်းသားများကို ပြန်လွှတ်ပေးခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေရန် ရည်ရွယ်သည့် စိတ်စေတနာကောင်းပြသမှု ဖြစ်သည်ဟု သမ္မတ အက်ရှ်ရက်ဂါနီက ပြောသည်။ အာဖဂန်နစ္စတန်အစိုးရအနေဖြင့် နောက်ထပ်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ရှိသည်ဟု ယင်းက ဆိုသည်။ 


သမ္မတ အက်ရှ်ရက်ဂါနီ၏ အစိုးရအဖွဲ့နှင့် တာလီဘန်အဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့သည့်ကာလအတွင်း တာလီဘန်အကျဉ်းသားများ ပြန်လွှတ်ပေးရေးမှာ အငြင်းပွားစရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလက အမေရိကန်-တာလီဘန် သဘောတူစာချုပ် ချုပ်ဆိုရေးတစ်စိတ်တစ်ပိုင်းအဖြစ် အာဖဂန်နစ္စတန်အစိုးရနှင့် တာလီဘန်အဖွဲ့ကြား သမိုင်းဝင် မျက်နှာ ချင်းဆိုင် ဆွေးနွေးမှုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့်လက အကျဉ်းသား လဲလှယ်မည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပျက်ပြယ်ခဲ့သည်။ 


အကျဉ်းသားလဲလှယ်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုကြောင့် နောက်ထပ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ရန် နှောင့်နှေးကြန့်ကြာခဲ့သည်။ သို့သော် အာဖဂန်နစ္စတန်အစိုးရက တာလီဘန်အကျဉ်းသားများ လွှတ်ပေးခဲ့ခြင်းကြောင့် တိုက်ခိုက်မှုများ လျော့နည်းသွားပြီး နောက်ထပ်ဆွေးနွေးမှုလုပ်ရန် တိုးတက်မှု ရှိလာနိုင်သည်ဟု ပြည်တွင်း၊ ပြည်ပစောင့်ကြည့်သူများက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ