နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇရှိတဲ့ဆွာရက်ဇ်ကနေ ရန်ပွဲဖြစ်ပြီး နှစ်ဖက်ကစားသမားတွေ အနီကတ်ပြခံခဲ့ရ‌

ဩဂုတ် ၁၈


အက်သလက်တီကိုနဲ့ဆဲလ်တာဗီဂိုအသင်းပွဲစဉ်မှာနှစ်ဖက်အသင်းကစားသမားတွေရန်ဖြစ်ပြီးအနီကတ်ပြသခံရမှုတွေရှိခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အက်တီကိုကကော်ရီယာရဲ့ သွင်းဂိုးတွေ နဲ့ ၂-၁ဂိုးဖြင့်   အနိုင်ရခဲ့ပါတယ်။ အချိန်ပိုမှာ ဆွာရက်ဇ်ထံက ဆဲလ်တာ ကစားသမားမယ်လိုက ဘောလုံးရယူ ရန်ကြိုးစားရာမှာ ချိတ်သလိုဖြစ်တာ ကြောင့်  ဆွာရက်ဇ်က  ညာဘက် ခြေသလုံးကိုကိုင်ပြီး နာကျင်တဲ့ပုံစံဖြင့် မြေပြင် ပေါ်လဲကျခဲ့ပါတယ်။


ဆွာရက်ဇ်ကိုဆေးကုရန်ဆေးအဖွဲ့ ခေါ်ချိန်ဒိုင်ကပွဲကို ခေတ္တရပ်လိုက်တဲ့ အချိန်မှာဆဲလ်တာက နံပါတ်၂ကို အဝါကတ်ပြလိုက်ရာ အိမ်ရှင် ဆဲလ်တာ ကစားသမားများ ပေါက်ကွဲပါတော့ တယ်။ ဆွာရက်ဇ်က ဒိုင်ကိုစကားပြော ဖို့အထမှာ ဆဲလ်တာ ဘက်က မယ်လိုထပ် ချိတ်သလိုလုပ်လို့ ပြန်လဲကျသွားကာ အသင်းဖော်တွေဆွာရက်ဇ်ကို ဝန်းရံဖို့ချက်ချင်းရောက်လာခဲ့ပါတယ်။


အက်တီကို နောက်ခံလူဟာမိုဆိုက အဝါကတ်ပြခံရတဲ့ မယ်လိုကို နှစ်သိမ့် ပေးဖို့ ကြိုးစားပေမယ့် တွန်းထိုးပြီး လက်မခံတာကြောင့် နှစ်ဖက်အသင်း ကစားသမားတွေ အချေအတင်ဖြစ်ကြ ပါတယ်။ ဆဲလ်တာ တိုက်စစ်မှူးအက်စ် ပက်ရဲ့လည်ပင်းကိုအက်တီကိုနောက်ခံ လူဟာဆိုမိုဆွဲထားခဲ့လို့  အရန်ခုံက ကစားသမားတွေ ကွင်းထဲဝင်လာကြ ပါတယ်။


အဲဒီနောက်မယ်လိုကို  ဒိုင်က အနီကတ်ပြလိုက်လို့ဒေါသထွက်ကာ ကွင်းထဲကထွက်သွားပါတယ်။ ဒိုင်က ရန်ပွဲထဲမှာပါတဲ့ အက်တီကို ကစား သမား ဟာမိုဆိုကို အနီကတ် ထပ်ပြ ပြန်ပါတယ်။ ဆဲလ်တာဘက်က ကစား သမားက ၂ ဝါ ၁ နီဖြင့် အနီထိခဲ့ကာ အက်တီကို ဘက်ကလည်းအနီ ၁ ကတ် ထိခဲ့ပါတယ်။                              (SO)






အခြားဆက်စပ်သတင်းများ