နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေတိုရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်

ကမ္ဘာ့လူဦးရေသည် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကိုးဘီလီယံ အထိ တိုးပွားလာနိုင်သည်ဟု ကမ္ဘာ့ပညာရှင်တို့က ခန့်မှန်းထား ကြသည်။ ကမ္ဘာ့လူသားအားလုံး၏    နေ့စဉ်လိုအပ်နေသည့် စားနပ်ရိက္ခာလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန်  နိုင်ငံအသီးသီးရှိ  အစိုးရက ကြိုးပမ်းဆောင်ရွက်နေကြပေသည်။


လူတိုင်းသက်တမ်းစေ့နေနိုင်ရေးအတွက် အာဟာရပြည့်ဝ သော စားနပ်ရိက္ခာများထုတ်လုပ်ရန်လည်း လိုအပ်ပေသည်။ ကမ္ဘာ့ပြည်သူများအတွက် အစားအစာဖူလုံမှုနှင့် အာဟာရပြည့်ဝ မှုအပေါ်  စိန်ခေါ်မှုအဖြစ်  စားနပ်ရိက္ခာဖြည့်တင်းနိုင်မှုစနစ် တည်တံ့ခိုင်မာရေးသည် အဓိက ကျပေသည်။


စားနပ်ရိက္ခာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာခြင်းမှ သည် ငတ်မွတ်သူပပျောက်ရေးအစီအစဉ်များကို အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် သား၊ ငါးကဏ္ဍသည် ထိန်းချုပ်နိုင်စွမ်းမရှိသည့် သဘာဝသယံ ဇာတနှင့်ရာသီဥတုအပေါ်မှီခိုရသဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရာ တွင် အခက်အခဲများရှိနေပေသည်။


နှစ်စဉ်တိုးပွားလျက်ရှိသည့် ကမ္ဘာလူဦးရေသည် စားနပ် ရိက္ခာလိုအပ်ချက် မလုံလောက်မှုပြဿနာများ အစဉ်ခြိမ်းခြောက် လျက်ရှိပေသည်။ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စားနပ်ရိက္ခာဖူလုံမှုကိုများစွာ အထောက်အကူပြုမည့် အစိမ်းရောင်စီးပွားရေးစနစ်သည် များစွာ အထောက်အကူဖြစ်စေမည်ဖြစ်၏။


မြန်မာနိုင်ငံတွင် ပြည်တွင်းစားနပ်ရိက္ခာများဖူလုံရေးလုပ်ငန်း များတွင် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပေသည်။ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်က ဆောင် ရွက်လျက်ရှိသည်။


နိုင်ငံတော်အစိုးရသည် လက်ရှိကာလတွင် ၅၄ သန်းကျော် သော လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံလျက်ရှိသော်လည်း နောင်တိုးပွားလာမည့်လူဦးရေသန်း ၁၀၀ အတွက် ရေတို၊ ရေ ရှည်နည်းလမ်းများ၊ စီမံကိန်းများ အဓိကထားမျှော်မှန်းဆောင် ရွက်လျက်ရှိပေသည်။ 


လယ်ယာကဏ္ဍသည် နိုင်ငံတော်၏ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်တွင် အရေးပါသော လုပ်ငန်းဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် အသက် မွေးဝမ်းကျောင်းပြုနေသော ကျေးလက်နေပြည်သူများ၏ လူနေ မှုအဆင့်အတန်းကို တိုးတက်ဖွံ့ဖြိုးအောင် ဖော်ဆောင်ပေးနိုင် စွမ်းရှိပေသည်။


လူ့သက်တမ်းစေ့သက်ရှည်ကျန်းမာစွာစားသောက်နေထိုင် နိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာကဏ္ဍစားနပ်ရိက္ခာဖူလုံမှုစနစ်များ  ထူထောင်ပေးနိုင် ခြင်းဖြင့် လူ့ဘောင်ဘဝကြီး ပိုမိုထွန်းတောက်သာယာလှပအောင် အားထုတ်ကြိုးပမ်းစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ