နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းလုပ်သားများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၍ တောင်အာဖရိကနိုင်ငံ၏ ကမ္ဘာ့အနက်ဆုံးရွှေမိုင်းတွင်းကို ပိတ်ခဲ့ရ

မေ ၂၅၊ ဂျိုဟန်နက်စ်ဘတ်


တောင်အာဖရိကနိုင်ငံ၏ ကမ္ဘာ့အနက်ဆုံး ရွှေတူးဖော်ရေးမိုင်းတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၄ ဦး တွေ့ရ၍ မိုင်းတွင်း ပိတ်ထားရသည်။ နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုကြောင့် ပြီးခဲ့သည့်မတ်လက အခြားမိုင်းတွင်းများနည်းတူ အမ်ပိုနန်မိုင်းတွင်းကို ပိတ်ခဲ့ရသော်လည်း ပြီးခဲ့သည့်လတွင် မိုင်းတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်။ အမ်ပိုနန်မိုင်းတွင်းတွင် တူးဖော်ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းနီးပါးသာ လည်ပတ်နေသော်လည်း အလုပ်သမားအချို့က ယင်းတို့၏ဘေးအန္တရာယ်    ကင်းရှင်းရေးကို စိုးရိမ်ပူပန်ခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု စစ်ဆေးတွေ့ရှိခဲ့သည့် မိုင်းလုပ်သားအများစုမှာ ရောဂါလက္ခဏာမပြပေ။


ယင်းတို့အားလုံးကို သီးသန့်ခွဲခြားထားသည်ဟု မိုင်းတွင်းပိုင်ဆိုင်သည့် AngloGold Ashanti ကုမ္ပဏီက ပြောသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတစ်ဦး စတင်တွေ့ရှိပြီးနောက် မိုင်းလုပ်သား ၆၅၀ ကို ဆေးစစ်ခဲ့ခြင်းဖြစ်သည်။ ဂျိုဟန်နက်စ်ဘတ်မြို့ အနောက်တောင်ဘက် မိုင် ၅၀ အကွာရှိ အမ်ပိုနန်မိုင်းတွင်းမှာ မြေအောက်အနက် ၄ ကီလိုမီတာတွင် တည်ရှိပြီး ကမ္ဘာ့အနက်ဆုံး ရွှေတူးဖော်ရေးမိုင်းတွင်းဖြစ်သည်။ အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးဖြစ်နေသည့် တောင်အာဖရိကနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၃၄၃ ဦး ရှိပြီး လူ ၄၀၇ ဦး သေဆုံးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ