နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံစည်များ သယ်လာသည့် အီရန်သင်္ဘောတစ်စင်း ဗင်နီဇွဲလား ရေပိုင်နက်ထဲ ရောက်ရှိ

မေ ၂၅၊ ကရာကက်စ်


ရေနံစည်တစ်သန်းကျော် တင်ဆောင်လာသည့် အီရန်ရေနံတင်သင်္ဘော ၅ စင်းအနက် တစ်စင်းမှာ ဗင်နီဇွဲလားရေပိုင်နက်ထဲ ဝင်ရောက်လာပြီဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ 


အီရန်ရေနံတင်သင်္ဘောများကို ဗင်နီဇွဲလားရေတပ်နှင့် လေတပ်က လိုက်လံစောင့်ရှောက်ပေးခဲ့သည်။ အီရန်နှင့် ဗင်နီဇွဲလားနှစ်နိုင်ငံလုံးကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည့် အမေရိကန်နိုင်ငံက ရေယာဉ်တန်းကို စောင့်ကြည့်နေသည်ဟု ဆိုသည်။ ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံမှာ ရေနံပို့ဆောင်မှုကို ကြားဝင်နှောင့်ယှက်ခြင်း မလုပ်ရန် သတိပေးထားသည်။ ဗင်နီဇွဲလားနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ရှိသော်လည်း သန့်စင်ပြီး လောင်စာ ပြတ်လပ်မှု ကြုံတွေ့နေသည်။


ဗင်နီဇွဲလားသမ္မတ မာဒူရိုက အီရန်နိုင်ငံ၏ ပံ့ပိုးမှုအတွက် ကျေးဇူးတင်စကားဆိုခဲ့ပြီး ယင်းတို့နှစ်နိုင်ငံမှာ မြောက်ပိုင်းအမေရိကန်နယ်ချဲ့များကို မည်သည့်အခါမျှ ဒူးထောက်မည်မဟုတ်သည့် တော်လှန်ရေးသမားများ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။ အမေရိကန်နိုင်ငံမှာ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ရာထူးက ပြုတ်ကျအောင် ဖိအားပေးသည့်အနေဖြင့် ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ယခုလအစောပိုင်းက ရေနံစည် ၁ ဒသမ ၅ သန်းနီးပါး တင်ဆောင်လာသည့် အီရန်ရေနံတင်သင်္ဘောငါးစင်းမှာ ဆူးအက်တူးမြောင်းကို ဖြတ်ကျော်သွားကြောင်း သင်္ဘောလမ်းကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ